ဘဏ္ဍာရေးအရှုံးပေါ်ခဲ့ပြီးနောက် ထိုင်ဝမ်ရဲ့ TransAsia လေကြောင်းလိုင်းလုပ်ငန်းရပ်ဆိုင်းဖို့ ဆုံးဖြတ်
လေကြောင်းခရီးသွားဘေးကင်းလုံခြုံမှုမှတ်တမ်းပိုင်းမှာဆိုးရွားတဲ့မှတ်တမ်းဆိုးတွေရှိထားခဲ့တဲ့ ထိုင်ဝမ်ရဲ့ TransAsia
လေကြောင်းလိုင်းဟာ ယခုအခါမှာတော့အကြီးအကျယ် ဘဏ္ဍာရေးအရှုံးပေါ်ခဲ့ပြီးနောက်လုပ်ငန်းကို လုံ့ဝရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ရပြီဆိုပြီးကုမ္ပဏီဘုတ်အဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ အတည်ပြုသွားခဲ့ပါတယ်။ အလားတူလေကြောင်းလိုင်းရဲ့ ခရီးစဉ် ပျံသန်းပြေးဆွဲမှုတွေလည်းရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့ တတိယအကြီးဆုံးလေကြောင်းလိုင်းရဲ့ ယခုဆုံးဖြတ်ချက်ကြောင့်ပြည်တွင်း လေကြောင်းနဲ့ ခရီးသွားလုပ်ငန်းကိုသာမက အစိုးရကိုပါအံ့အားသင့်သွားစေခဲ့ပါတယ်။“ တကယ်တော့ ဒါဟာ အရမ်းကို နာကျင်ရတဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့လေကြောင်းလိုင်းရဲ့ စီအီးအို Daniel Liu က ပြောကြားသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်နှစ်နှစ်စလုံးမှာ လူ ၉၂ဦးထိသေဆုံးထားစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွေပေါ်ပေါက်ထားခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိဘဏ္ဍာရေးဆက်တိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။TransAsia လေကြောင်းလိုင်းကိုတော့ ၁၉၅၁ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ ထိုင်ဝမ်ရဲ့ ပထမဦးဆုံးသောပုဂ္ဂလိကပိုင်လေကြောင်းလိုင်းအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာရှ ခရီးစဉ်တွေကို ပြေးဆွဲပျံသန်းပေးနေတဲ့TransAsia လေကြောင်းလိုင်းအနေနဲ့ လက်ရှိ အရှုံးတောထဲကနေပြန်ထနိုင်ဖို့မတတ်နိုင်တော့ဘဲ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေထပ်မလုပ်နိုင်တော့ဘူးဆိုပြီး ကုမ္ပဏီဥက္ကဌ Vincent Lin ကလည်းထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။Credit To >>> SFJ Strategy First Journal
No comments:
Post a Comment