‘‘တကယ်ဆို အနည်းဆုံး တစ်လ(သို့မဟုတ်) ခြောက်လ လောက်ကြိုပြီး အကြောင်းကြား သင့်ပါတယ်။ အခုလို ရုတ်တရက် ကြီး ပြောင်းကောက်မယ်ဆိုတော့ ခရီးသွားလုပ်ငန်းရှင်တွေက ခရီး စဉ်တွေကို ကြိုရောင်းထားတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ရန်ကုန်လုပ်ငန်း ရှင်အသင်းကနေတစ်ဆင့် ညှိနှိုင်း မှုတွေ လုပ်ပေးသွားဖို့ရှိပါတယ်’’ ဟု ဦးဇော်ဌေးအောင်က ပြော ကြားသည်။
လက်ရှိတွင် အင်းလေးဇုန် ၀င်ကြေးကို မြန်မာကျပ်ငွေ ၁၂,၅၀၀ ကောက်ခံနေရာမှ ဒီဇင် ဘာ ၁၀ ရက်ကစ၍ အမေရိကန် ဒေါ်လာ ၁၀ ပြောင်းလဲကောက်ခံ မည်ဖြစ်ကြောင်း ဇုန်ဝင်ကြေး ကောက်ခံခြင်းကို တာဝန်ယူ ဆောင်ရွက်နေသည့် Myo Group ကုမ္ပဏီက နိုဝင်ဘာလကုန်၌ သ တင်းထုတ်ပြန်ခြင်းဖြစ်ပြီး ရက်အနည်းငယ်သာ ကြိုတင်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒေါ်လာဈေးတက်ရင် ဒေါ် လာနဲ့ ကောက်တယ်။ ဒေါ်လာ ဈေးကျရင် မြန်မာငွေပြောင်း ကောက်တယ်။ အဲဒီလိုဖြစ်နေ တယ်။ ပြောင်းကောက်တာ ကိစ္စ မရှိပေမယ့် ကြိုတင်အကြောင်းမ ကြားတာ အခက်အခဲဖြစ်နိုင်တာ ကြောင့် ရက်အနည်းငယ် နောက် ဆုတ်ပေးတာမျိုးဖြစ်ဖြစ် ပြန်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ တချို့က ဒေါ်လာပါမသွားတာတွေ ခရီး သည်တွေကို ပြန်ရှင်းပြရတာတွေ လည်း ရှိသေးတယ်လေ’’ဟု ဦး ဇော်ဌေးအောင်က ပြောသည်။
အင်းလေးဟိုတယ်ဇုန် ၀င် ကြေးကို ပြီးခဲ့သည့်ဖေဖော်ဝါရီက ဒေါ်လာဈေးကျဆင်းနေ၍ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည်ဟု ပြီးခဲ့သည့်ဘဏ္ဍာနှစ်အ တွက် ၀င်ကြေးကောက်ခံမှုကို တာဝန်ယူဆောင်ရွက်သည့် ဓန တိုးကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
Credit To >>> 7 Day Daily
No comments:
Post a Comment