Pages

21.12.16

မြန်မာနိုင်ငံအပါအ၀င် မဟာမဲခေါင်ဒေသတွင် မျိုးစိတ်သစ် ၁၆၀ ကျော် တွေ့


ချင်းတောင်တန်းရှိ အ ပင်တစ်မျိုးအပါအ၀င် မဟာမဲ ခေါင်ဒေသအတွင်း မျိုးစိတ်သစ် ၁၆၃ မျိုးရှာဖွေတွေ့ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။

မဟာမဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ များတွင် ကုန်းနေရေနေသတ္တ၀ါ ကိုးမျိုး၊ ငါး ၁၁ မျိုး၊ တွားသွား သတ္တ၀ါ ၁၄ မျိုး၊ အပင် ၁၂၆ မျိုး နှင့် နို့တိုက်သတ္တ၀ါ သုံးမျိုး၊ စုစု ပေါင်း ၁၆၃ မျိုးကို ၂၀၁၅ အ တွင်း ထပ်မံတွေ့ရှိခဲ့သည်ဟု WWF က ထုတ်ပြန်သည်။

အသစ်တွေ့ရှိခဲ့သည့် မျိုး စိတ်သစ်များတွင် မြန်မာနိုင်ငံအ နောက်မြောက်ဘက်ချင်းတောင် တန်းများ၌ တွေ့ရှိခဲ့သော ကြွက် နားရွက်နှင့်တူပြီး ပွင့်ဖတ်လွှာ နှစ် ရွက်ပါရှိသည့် အပင်တစ်မျိုး၊ ထိုင်းနိုင်ငံရှိ ရှားပါးငှက်ပျောမျိုး စိတ်များ၊ ကမ္ဘောဒီးယားရှိ သေး ငယ်လှသည့် ဖားတစ်မျိုး၊ လာအို နိုင်ငံ လူအရောက်အပေါက်နည်း လှသော တောင်တန်းများတွင် ပုန်းအောင်းရှင်သန်နေသည့် စူး ရှနက်မှောက်သော မျက်လုံးများ နှင့် အပြာရောင်ဖျော့ဖျော့ အရေ ခွံရှိ တောက်တဲ့တစ်မျိုး၊ Ziggy Stardust သီချင်းမှ ဇာတ်ကောင် ကဲ့သို့ သက်တံရောင်စဉ် ဦးခေါင်း ရှိ မြွေတစ်မျိုး၊ နဂါးနှင့်တူသော ပုတ်သင်တစ်မျိုးနှင့် Star Trek ဇာတ်ကားပါ Klingon ရေပုတ် သင်တစ်မျိုးတို့ ပါဝင်နေသည်။


မျိုးစိတ်သစ်များတွေ့ရှိခဲ့ သော်လည်း မဟာမဲခေါင်ဒေသ တွင် သတ္တုတွင်းများမှသည် လမ်း မများနှင့် ဆည်များအထိ အလွန် ကြီးမားသော ဖိအားများ ရင်ဆိုင် နေရပြီး၊ စားသုံးရန် တိရစ္ဆာန်များ ကို ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဒေါ်လာဘီလျံများစွာ တန်ကြေးရှိ သားငှက်တိရစ္ဆာန် ကုန်သွယ်မှုတို့ ကြောင့် မျိုးစိတ်ပေါင်းများစွာ သည် ရှာဖွေမတွေ့ရှိမီကပင် မျိုးသုန်း ပျောက်ကွယ်နိုင်ခြေသို့ ရောက်ရှိနေသည်ဟု WWF- မဟာမဲခေါင် အစီအစဉ်၏ သားငှက်မျိုးစိတ်များ အစီအစဉ် မန်နေဂျာ ဂျင်မီဘိုရာကဆိုသည်။

‘‘စုဆောင်းသိမ်းဆည်းသူ တွေက အရှားပါးဆုံးနဲ့ အထူးခြား ဆုံး၊ မျိုးသုဉ်းဖို့ အစိုးရိမ်ရဆုံး၊ မျိုး စိတ်တွေကို ဒေါ်လာထောင်ချီပေး ဖို့ ၀န်မလေးကြဘဲ ဒီဒေသရဲ့ သား ငှက်တိရစ္ဆာန်တရားမ၀င် ဈေး ကွက်တွေ အထူးသဖြင့် တရုတ်၊ လာအို၊ ထိုင်းနဲ့ မြန်မာတို့ ပေါင်း ဆုံရာ ရွှေတြိဂံဒေသဈေးကွက် တွေကနေ မကြာခဏ ၀ယ်ယူနေ ကြပါတယ်။ ဒီမျိုးစိတ်တွေကို ကယ်တင်ဖို့အတွက် တရားမ၀င် ဖမ်းဆီးသတ်ဖြတ်မှုဆိုင်ရာ ဥပဒေ စိုးမိုးရေးကို မြှင့်တင်ပြီး သားငှက် တိရစ္ဆာန်တရားမ၀င် ဈေးကွက်ကို ပိတ်သိမ်းနိုင်ဖို့ အရေးကြီးပါ တယ်’’ဟု ဂျင်မီဘိုရာကဆိုသည်။

ယခုတွေ့ရှိသည့် မျိုးစိတ် များအပါအ၀င် ၁၉၉၇ ကစတင်၍ WWF က စာရင်းကောက်မှတ်ယူခဲ့ သော မဟာမဲခေါင်ဒေသတွင်း အပင်၊ ငှက်၊ နို့တိုက်သတ္တ၀ါ၊ တွားသွားသတ္တ၀ါ၊ ငါးနှင့်ကုန်းနေ ရေနေသတ္တ၀ါမျိုးစိတ်သစ်ပေါင်း ၂,၄၀၉ မျိုးရှိကြောင်း သိရသည်။

Credit To >>> 7 Day Daily



No comments:

Post a Comment