Pages

28.12.16

၂၀၁၆ ထဲမှာ အာရှနိုင်ငံတွေခရီးသွားလုပ်ငန်းတိုးတက်လာတဲ့ အတွက် ခရီးသွားများ ပိုမို ၀င်ရောက် လာအောင်လုပ်ဆောင်

Image may contain: one or more people and food
အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံအတွက်ကတော့ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းပိုင်းမှာ တိုးတက်မှုအားကောင်းခဲ့တဲ့ အကျိုးကျေးဇူးတွေနဲ့ ခံစားခဲ့ရတယ်ဆိုပြီး သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။


ယခုနှစ်တစ်နှစ်လုံးအတွင်း နိုင်ငံကို ပြည်ပခရီးသွားဦးရေ ၁၀ သန်းထိလာရောက်လည်ပတ်ခဲ့ပြီးတော့ ယင်းဟာ ယခင်နှစ်ကထက် ၂၅ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ VNAT က ညွန်ကြားရေးမှူးချုပ်Nguyen Van Tuan က ပြောပါတယ်။

အလားတူ ပြည်တွင်းခရီးသွားလုပ်ငန်းဘက်ကို ကြည့်မယ်ဆိုရင်လည်းပြည်တွင်းခရီးသွား ၆၂ သန်းထိရှိခဲ့ပြီး ခရီးသွားလုပ်ငန်းကနေ ၀င်ငွေဗီယက်နမ်ဒေါင် ၄၀၀,၀၀၀ ဘီလီယံ (ဒေါ်လာ ၁၈ ဘီလီယံ) ထိရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာတော့ ယခုနှစ်အတွင်း တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့က ခရီးသွားတွေလာရောက်မှုအများဆုံးဖြစ်ခဲ့ပြီးစုစုပေါင်း ပြည်ပခရီးသွားဦးရေရဲ့ ၃၀ ရာခိုင်နှုန်းထိ ရှိခဲ့ကာ ၎င်းခရီးသွားတွေရဲ့ ငွေသုံးစွဲမှုနှုန်းလည်း မြင့်မားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဗီဇာကင်းလွတ်ခွင့်ရ ဥရောနိုင်ငံငါးနိုင်ငံဖြစ်တဲ့ အီတလီ၊ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်တို့ကလာရောက်တဲ့ ခရီးသွားဦးရေပိုင်းမှာလည်း ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ခရီးသွားလုပ်ငန်းပိုင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဖြည့်ဆည်းဆောင်ရွက်မှုက တိုးတက်ထိရောက်ခဲ့သလို လုပ်ငန်းတွင်း အခြေခံအဆောက်အအုံပိုင်းရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း မြင့်တက်ထားခဲ့တယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းလုပ်ငန်းအတွင်း အထက်ဖော်ပြပါကောင်းကျိုးတွေရှိနေပေမယ့်လည်း တစ်ဘက်မှာလည်း နိုင်ငံတွင်းကခရီးသွားနေရာအများစုမှာ ၀န်ဆောင်မှုပိုင်းအားနည်းနေတာ၊ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းအားနည်းတာနဲ့ လုပ်ငန်းတွင်းမတော်တဆမှုဖြစ်စဉ်တွေရှိနေတာ စတဲ့အားနည်းချက်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

၂၀၁၆ မှာ အင်ဒိုနီးရှားကလည်း ခရီးသွားတိုးတက်ခဲ့တဲ့အတွက်၂၀၁၇နဲ့ ၂၀၁၉ အကြား နေရာ ၁၃ ခုမှာ နောက်ထပ် လေဆိပ်သစ်တွေစတင်တည်ဆောက်သွားဖို့ ပြင်ဆင်နေပြီဖြစ်သလို နိုင်ငံမှာ တစ်စထက်တစ်စ တိုးတက်ကြီးထွားလာနေတဲ့ လေကြောင်းခရီးသွားလုပ်ငန်းရဲ့ လုပ်ငန်းပိုင်းအခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းနိုင်ဖို့ စီစဉ်နေပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ လေကြောင်းခရီးသွားလုပ်ငန်းမှာ အသုံးပြုသွားလာနေကြတဲ့ လေယာဉ်စီးခရီးသွားဦးရေ များပြားလာနေပြီးယင်း ခရီးသွားတွေကို အလျင်မီအောင် ၀န်ဆောင်မှုပေးနိုင်ဖို့အတွက်လေဆိပ်သစ်တွေ တည်ဆေက်တာ၊ ရှိရင်းစွဲလေဆိပ်တွေကို အဆင့်မြှင့်တင်တာနဲ့ ဝေးလံခေါင်းပါးတဲ့ နယ်ပယ်အရပ်တွေထိလှမ်းချိတ်ဆက်တာတွေကို လုပ်ဆောင်သွားဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေပါတယ်။

Credit To >>> SFJ Strategy First Journal 

No comments:

Post a Comment