Pages

21.12.16

သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးကို စတင်စစ်ဆေး

Eleven Media ၏ မုံရွာမြို့အ ခြေစိုက်သတင်းထောက် ကိုစိုးမိုး ထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောသည်။

သတင်းထောက် ကိုစိုးမိုးထွန်း နောက်ဆုံးသွားလာခဲ့သည့် ကေတီဗီ ဆိုင်ရှိ မန်နေဂျာနှစ်ဦးကို သံသယရှိ သည်ဟုဆိုကာ မုံရွာမြို့နယ် တရားရုံး က ချုပ်ရက်ရမန်ယူ၍ ဒီဇင်ဘာ ၁၉ ရက် ညနေတွင် စတင်ဖမ်းဆီး စစ် ဆေးနေကြောင်း ၎င်းက ဆိုသည်။

‘‘လူသတ်မှုနဲ့ ပတ်သက်ပြီး သက် သေခံတုတ်လည်း သိမ်းဆည်းရမိပါ ပြီ။ သတင်းရရှိရေးအတွက် လူ ၃၀ကျော် စစ်ဆေးခဲ့တယ်။ မနေ့ (ဒီဇင် ဘာ ၁၉ ရက်) ညနေကစပြီး သံသယ ရှိသူနှစ်ဦးကို ရဲစခန်းမှာချုပ်နှောင်ပြီး စစ်ဆေးနေတာပါ။ တရားရုံးက တရားဝင်ချုပ်ရက်ရမန်ကို ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ ပထမရမန်တောင်းပြီး စစ်ဆေးတာပါ’’ဟု ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

သတင်းထောက် ကိုစိုးမိုး ထွန်း အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံး၏ ညွှန်ကြားချက် ဖြင့် တိုင်းဒေသကြီး မှုခင်းအကူ ရဲတပ်ဖွဲ့၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ မုံရွာမြို့နယ် ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီအဖွဲ့ တို့ ပူးပေါင်း၍ နေ့စဉ်စစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲက သတင်းထောက် ကိုစိုးမိုးထွန်း နေအိမ်သို့ သွားရောက်၍ မိသားစုဝင်များနှင့် အမှုစစ်ရဲအရာရှိတို့ကို တွေ့ဆုံခဲ့သည်။ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်တရားခံများသာမက နောက်ကွယ်က ကြိုးကိုင်ခိုင်းစေသူများကိုပါ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှုစစ်ရဲအရာရှိ ဒုရဲမှူးသိန်းဆွေမြင့်အား တိုက်တွန်းပြောကြားခဲ့သည်။

ကိုစိုးမိုးထွန်း အသတ်ခံရ သည့် ကိစ္စနှင့်ပတ်သက်၍ ဒီဇင် ဘာ ၁၉ ရက် ညနေတွင် ရန်ကုန် မြို့ရှိ သတင်းထောက် ၁၀ ဦးခန့် က အမှုမှန်ပေါ်ပေါက်ရေးအ တွက် ဆန္ဒပြခြင်းနှင့် ဖယောင်း တိုင်ထွန်း ဆုတောင်းခြင်းများ ပြု လုပ်ခဲ့သည်။

သတင်းထောက် ကိုစိုးမိုး ထွန်းသည် မုံရွာမြို့ အောင်ချမ်း သာရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေးတွင် ဒီဇင်ဘာ ၁၂ ရက် ညဥ့်သန်းခေါင်ကျော်တွင် ဦးခေါင်းဒဏ်ရာ၊ မျက်နှာဖူး ရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Credeit To >>> 7 Day Daily

No comments:

Post a Comment