ပြည်တွင်းစက်သုံးဆီဈေး နှုန်းသည် ယခင်နှစ်ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် နှုန်းထားထက် ကျော်လွန်သွားကြောင်း သတင်းရရှိသည်။
ပြည်တွင်း စက်သုံးဆီ ဈေး နှုန်းသည် ၂၀၁၅ ဒီဇင်ဘာ ၂၂ ရက်က ဒီဇယ်တစ်လီတာလျှင် ၆၃၅ ကျပ်၊ အ ဆင့်မြင့်ဒီဇယ်တစ်လီတာ လျှင် ၆၇၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၆၆၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၇၆၀ ကျပ်ရှိခဲ့သည်။
ယခုနှစ်ဒီဇင်ဘာ ၂၂ ရက် တွင် ဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်၊အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၇၂၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၇၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၇၅၀ ကျပ်သို့ ရောက်ရှိလာခဲ့သည်။
စက်သုံးဆီ ဈေးနှုန်းများ သည် ၂၀၁၆ အတွင်း အကျနှုန်း ထားဖြင့်သာရှိနေခဲ့ရာမှ ဒေါ်လာ ဈေး ဆက်တိုက် မြင့်တက်ခဲ့ပြီး နောက် ဒီဇင်ဘာလဆန်းကစ၍ ဆက်တိုက်မြင့်တက်ခဲ့သည်။
နိုဝင်ဘာ လကုန်၌ ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၃၀ ၊ အ ဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၅၀၊ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၆၃၀ ၊ အောက် တိန်း 95 တစ်လီတာလျှင် ကျပ် ၆၈၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ယခုလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သည် တစ်လီတာလျှင် ကျပ် ၇၀ ခန့်နှင့် တစ်ဂါလန်လျှင် ကျပ် ၃၂၀ခန့်အထိ မြင့်တက်လာခဲ့၍ တစ်နှစ်အတွင်း အမြင့်ဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ကြောင်း စက်သုံးဆီရောင်းဝယ်ရေး ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။
‘‘ကမ္ဘာ့စက်သုံးဆီဈေးက အဲဒီလောက်အထိ အတက်အကျမများဘူး။ ဒါကြောင့် အခုပြည်တွင်းဈေး တက်တာကတော့ ဒေါ်လာဈေး ကြောင့် အဓိကဆက်စပ်နေတာ လို့ ယူဆကြတယ်။ နောက်ပြီးအ မေရိကန်ရွေးကောက်ပွဲအပြီးမှာ ကမ္ဘာ့ရေနံထုတ် အင်အားကြီး နိုင်ငံတွေက ထုတ်လုပ်မှုတွေ လျှော့ဖို့လုပ်လာကြတဲ့အတွက် ပြီး ခဲ့တဲ့လကတည်းကိုက စက်သုံးဆီ ဈေးတက်လာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြတယ်။ ဒေါ်လာဈေးကပါ တစ်ချိန်တည်း တက်သွားတော့ ဆီဈေးက ခန့်မှန်းထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် တက်လာတာလို့ ထင်တယ်’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ပြည်တွင်း စက်သုံးဆီဈေး နှုန်းများသည် ၂၀၁၄ တွင် အမြင့် ဆုံးနှုန်းထားဖြစ်သည့် စက်သုံးဆီ အမျိုးအစားတစ်ခုချင်းအလိုက် တစ်လီတာလျှင် ကျပ် ၁,၀၀၀ ခန့် ရှိခဲ့ရာမှ ကမ္ဘာ့ဈေးနှုန်းအပြောင်း အလဲကြောင့် ၂ နှစ်အတွင်း ကျ ဆင်းမှု ရှိခဲ့သည်။
ယခုပြန်လည်မြင့်တက်လာ သော စက်သုံးဆီ နှုန်းထားများ သည် ၂၀၁၄ တွင် ဖြစ်ပေါ်ခဲ့သည့် နှုန်းသို့ပြန်လည်ရောက်ရှိခြင်း မရှိ သေးသော်လည်း လက်ရှိအခြေအ နေအတိုင်း ဆက်လက်မြင့်တက် နေမည်ဆိုပါက အချိန်အနည်းငယ် အတွင်း ယင်းနှုန်းထားသို့ ရောက် ရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေ သည်။
Credit To >>> 7 Day Daily
No comments:
Post a Comment