Pages

14.12.16

လာမည့်အပတ်ကစ၍ လေကြောင်းလိုင်းနှင့် CMP များ အလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် ဆောင်ရွက်နိုင်မည်

လာမည့် တစ်ပတ်အတွင်း လေကြောင်းလိုင်းနှင့်လက် ခစားလုပ်ငန်း(CMP)များ အ ကောက်ခွန်အေးဂျင့်များမလိုဘဲ အလိုအလျောက် ကုန်စည်ရှင်း လင်းရေးစနစ်ကို အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း MACCS ဌာနခွဲညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။

လက်ရှိ အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(MA CCS)တွင် အကောက်ခွန်ကြေ ညာလွှာများတင်သွင်းသည့်အခါ အကောက်ခွန်က အသိအမှတ်ပြု ထားသည့် အကောက်ခွန်အေး ဂျင့်များဖြင့်သာ တစ်ဆင့်ခံဆောင် ရွက်ရန် သတ်မှတ်ထားသည်။ သို့ သော် လက်ခစားလုပ်ငန်းများနှင့် လေကြောင်းလိုင်းလုပ်ငန်းများက ၎င်းတို့ကိုယ်တိုင် MACCS စနစ် တွင် အကောက်ခွန်ကြေညာလွှာ များတင်သွင်းနိုင်ရန် ဖြေလျှော့ ပေးခြင်းဖြစ်သည်။

‘‘CMP လုပ်ငန်းတွေနဲ့ လေ ကြောင်းလိုင်းတွေက ဝန်ထမ်း တွေကို MACCS စနစ်အသုံးပြု နိုင်အောင် သင်တန်းတွေပေးနေ တာ မနက်ဖြန်ဆို အပတ်စဉ်လေး ခုပြီးပြီ။ သူတို့သင်တန်းအောင်ပြီး ရင် MACCS မှာ User Registra-tion (အသုံးပြုသူမှတ်ပုံတင်)ဖို့ ခွင့်ပြုမယ်။ User Registration လုပ်တာကလည်း တစ်ပတ် လောက် အချိန်ပေးရတာဆိုတော့ နောက်တစ်ပတ်ဆိုရင် တော် တော်များများ လုပ်လို့ရပြီ’’ဟု ဦး ဝင်းသန့်က ပြောသည်။
လက်ခစားလုပ်ငန်းများနှင့် လေကြောင်းလိုင်း ဝန်ထမ်းများအား နိုဝင်ဘာ ၂၈ ရက်ကစတင်ကာ သုံးရက်ကြာ သင်တန်းများပေးနေခြင်းဖြစ်သည်။ လက်ရှိတွင်သင် တန်းလေးကြိမ်တွင် တစ်ကြိမ် လျှင် ၇၀ မှ ၉၀ဦးကြားအထိတက်ရောက်ကြောင်း ၎င်းက ပြောကြားသည်။
‘‘အဲဒီသင်တန်းတွေမှာ ဝန် ထမ်းတွေ လွှတ်ပြီး သင်တန်းတက်ခိုင်းထားတဲ့ ကုမ္ပဏီတွေက သင် တန်းဆင်းပြီး MACCS အသုံးပြု ခွင့်ရတဲ့ သူတို့ရဲ့ဝန်ထမ်းတွေနဲ့ MACCS ကို အသုံးပြုလို့ရပြီ။ ဒါ ပေမဲ့ သင်တန်းဆင်းတွေက သူတို့ သက်ဆိုင်ရာ ကိုယ်စားပြုကုမ္ပဏီ အတွက်ပဲ လုပ်ခွင့်ပြုမယ်။ တခြား ကုမ္ပဏီတွေအတွက် သူတို့လုပ် လို့မရဘူး’’ဟု ဦးဝင်းသန့်က ပြော ကြားသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များက ကုန်သွယ်ရေးလုပ်ငန်း များ ပိုမိုမြန်ဆန်လာစေရန် အ ကောက်ခွန် အေးဂျင့်များ ကြားမခံ ဘဲ ၎င်းတို့ ကုမ္ပဏီဝန်ထမ်းများအား သင်တန်းများပေးပြီး MACCS စနစ်ကို တိုက်ရိုက်အသုံးပြုခွင့် ရရှိရန် တောင်းဆိုထားသည်။
နောက်ပိုင်းတွင် ဖြေလျှော့မှု များ ပြုလုပ်မည်ဖြစ်ပြီး ပို့ကုန်၊သွင်းကုန် ကုမ္ပဏီဝန်ထမ်းများအား သင်တန်းများပေးကာ MACCS စနစ်တွင် အကောက်ခွန်ကြေညာခြင်းများ လုပ်ကိုင်ခွင့်ပြုပေးရန်ရှိကြောင်း ဦးဝင်းသန့်က ပြောကြားထားသည်။
Credit To >>> 7 Day Daily

No comments:

Post a Comment