Pages

20.12.16

KIA အဖွဲ့၏ သတင်းထောက်လှမ်းသော UAV များကို တပ်မတော်မှ ပစ်ချ ဖျက်ဆီးနိုင်ခဲ့

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းအခြေပြုရာ နေရာတစ်ခုသို့ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲအတွင်း KIA အဖွဲ့က UAV များကိုအသုံးပြုပြီး ဝေဟင်မှ လာရောက် သတင်းထောက်လှမ်းခဲ့ရာ တပ်မတော် စစ်ကြောင်းမှ လက်နက်ငယ်ဖြင့် ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ တပ်မတော်မှ လက်နက်ငယ်ဖြင့် ပစ်ချမှုကြောင့် UAV သုံးစီးမှာ လက်နက်ငယ် ကျည်ထိမှန်ကာ ကောင်းကင်၌ ပေါက်ကွဲ ပျက်စီးခဲ့ပြီး ကျန်တစ်စီးမှာ လက်နက်ငယ် ကျည်ထိမှန်မှုကြောင့် ပျက်ကျခဲ့သဖြင့် သိမ်းဆည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်မှ သိမ်ဆည်းရမိသည့် UAV တွင် ဖောက်ခွဲတိုက်ခိုက်ရန် TNTယမ်းထုပ်များ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလိုအလျောက် ပျံသန်းမှုစနစ် ၁ ခု၊ ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ ပါရှိသည်ကို ကနဦးစစ်ဆေး တွေ့ရှိရပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit To >>> Eleven Media Group


No comments:

Post a Comment