Pages

6.1.16

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံးနှင့် ကမ္ဘာ့အဆင့်ကြီးမားသည့်ဓာတ်ငွေ့သိုက်ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် (၁) သဘာဝဓာတ်ငွေ့လုပ်ကွက်ကိုMPRL E&P က ရာခိုင်နှုန်း ၂၀၊

မြန်မာ့ကမ်းလွန် ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံး ရှာဖွေတွေ့ရှိမှုနှင့် ကမ္ဘာ့အဆင့် ကြီးမားသည့် ဓာတ်ငွေ့သိုက် ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ်(၁) သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို MPRL E&Pက ရာခိုင်နှုန်း ၂၀၊ Woodside က ရာခိုင်နှုန်း ၄၀နှင့် Total E&P က ရာခိုင်နှုန်း ၄၀ ဖြင့် အကျိုးတူ လုပ်ကိုင်နေကြောင်း MPRL E&P က သတင်း ထုတ်ပြန်လိုက်သည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချရာတွင် ကြွေးကျန်အဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာ၌

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချမှုအပေါ်တွင် ကြွေကျန်များအဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေ ကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးဆွေးနွေးပွဲများကို ရွှေ့ဆိုင်းထားရန် အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော် တောင်းဆို

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်မဖော်နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားသင့်ကြောင်း အရပ်ဘက်လူမှုအဖွဲ့စည်းတစ်ရာကျော်က ဇန်နဝါရီ၅ရက်တွက် သဘောထားထုတ်ပြန်တောင်းဆိုလိုက်သည်။

ယခင် ကားတင်သွင်းမှု မူဝါဒ အတိုင်း ၂၀၁၆ ခု နှစ် ကုန်ထိ တင်သွင်းခွင့်ပြုရန် သမ္မတထံ စီးပွား/ကူးသန်းတင်ပြမည်

ယခင် ၂၀၁၅ ခုနှစ်တွင် ကျင့်သုံးခဲ့သော ကားတင်သွင်းမှုမူဝါဒအတိုင်း ကားတင်သွင်းခွင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်ပြသွားမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ်ကီလိုမီတာနှင့် အထက် ဒရုန်းများအတွက် ပျံသန်းအသုံးပြုခွင့်လျှောက်ထားရမည်

မြန်မာနိုင်ငံ တွင် မောင်းသူမဲ့ လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များကို အသုံးပြုခြင်း နှင့်ပတ်သက်၍ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ် ကီလိုမီတာနှင့်အထက် ဒရုန်းများကို ပျံသန်း အသုံးပြုခွင့်လျှောက်ထားရ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန လေယာဉ်စက်မှု ဌာနခွဲမှ သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ


တက်ကြွလှုပ်ရှားသည့် ဟက်ကာများသည် တနင်္လာနေ့ညက တရားမျှတမှုကို တောင်းဆိုမှုနှင့်အတူ ထိုင်းနိုင်ငံ၏ မြို့ပြ ရဲဝက်ဘ်ဆိုက်များ အပါအဝင် ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။