Pages
(Move to ...)
▼
21.3.16
လန်ဒန်တွင် တစ်ပြိုင်တည်း အကြမ်းဖက်မှုများ ဖြစ်ပွားပါက တုံ့ပြန်ချေမှုန်းရန် အထူးတပ်ဖွဲ့များ လေ့ကျင့်နေ
လန်ဒန်တွင် နေရာအများအပြား၌ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာပါက အမြင့်ဆုံး စွမ်းဆောင်ရည်ဖြင့် တုံ့ပြန်နိုင်ရန် အထူးတပ်ဖွဲ့များက ပြင်ဆင် လေ့ကျင့်နေကြောင်း သိရသည်။
လက်ပံတန်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိ တစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ် အိုင်တလုပ် ကျေးရွာအုပ်စု ရွာလေးကျေးရွာရှိ နာရေးအိမ်တွင် မတ်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခွဲက အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ပြင်သစ် ၆၀၀ ကျော် အိုင်အက်စ်အဖွဲ့ထံ ဝင်ရောက်ခဲ့
အိုင်အက်စ်အဖွဲ့မှာ ရောက်ရှိနေတဲ့ ပြင်သစ် တိုက်ခိုက်ရေးသမား ၆၀၉ ဦးရှိပြီး အမျိုးသမီး ၂၈၃ ဦး ပါဝင်ပါတယ်။
မိုဘိုင်းဖုန်းအခွန်ကောက်ခံရန် အော်ပရေတာသုံးခု ပြင်ဆင်
လာမည့်ဘဏ္ဍရေးနှစ်စ ဧပြီလမှစတင်၍ မိုဘိုင်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ် များမှ ကုန်သွယ်ခွန်ကောက်ခံရန် ဆက်သွယ်ရေးအော်ပရေတာ သုံးခုဖြစ် သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောနှင့် အော်ရီဒူးတို့ က ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါအော်ပရေတာများထံမှ စုံစမ်းသိရှိရသည်။
မြစ်ဆုံစီမံကိန်းဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာကောလာဟလ သာဖြစ်ဟု NLD ပြောကြား
လာမယ့်အစိုးရသစ်ကာလမှာမြစ်ဆ
ုံရေကာတာစီမံကိန်းဆက်လက်
ဆောင်ရွက်မယ်ဆိုပြီးပြင်ပမှ
ာ ထွက်ပေါ်နေတဲ့သတင်းတွေဟာ
ကောလာဟလသတင်းတွေသာဖြစ်တယ်လိ
ု့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ုပ်
ပါတီ(NLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြား
လိုက်ပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီ ဦးဆောင်ဖွဲ့စည်းပါက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရေး ခက်ခဲနိုင်ဟု ဦးခွန်ထွန်းဦးဆို
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တစ်ခုတည်းဖြင့်သာ ဦးဆောင်ဖွဲ့စည်းပါက ပြည်နယ်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ခက်ခဲနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် Myanmar Peace Center ဆက်ရှိ မရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား MPC တာဝန်ရှိသူများအား ပြောကြားပြီးဖြစ်ကြောင်း NLD ပြောကြား
NLD ပါတီက ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) ဆက်ရှိ မရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို Myanmar Peace Center တာဝန်ရှိသူများအား ပြောကြားထားပြီးဖြစ်ကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာဇော်မြင့်မောင်က မတ် ၂၀ ရက်တွင် ပြောကြားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်မြင်းခြံဒေသတို့အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ဝ ထပ်မံထုတ်လုပ်ပေးရန် သဘောတူလက်မှတ်ရေးထိုး
ကျောက်ဖြူအထူးစီးပွားရေးဇုန
်နှင့် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလျက်ရှိသော မြင်းခြံဒေသတို့အတွက် လျှပ်စစ် ဓာတ်အားပံ့ပိုးပေးရန် စီမံကိန်းနှစ်ခုကို မြန်မာနိုင်ငံအတွင်း ရှိ ၂၃ဝ ကေဗွီမဟာဓာတ်အားလိုင်းအတွက်
တစ်နှစ် ပတ်လုံး လျှပ်စစ်စွမ်းအင်ပံ့ပိုးပေး
ခဲ့သည့် VPower က တိုးချဲ့လုပ်ကိုင်ခွင့်ရရှိ
ခဲ့ကြောင်း သိရသည်။
ရခိုင် အမျိုးသား ပါတီရှိ ယခင် RNDP ပါတီဝင်များ၏ ဆုံးဖြတ်မှုမှာ တရားမ၀င်သောကြောင့် ပါတီမှ ထုတ်ပယ်ခြင်းကို လက်မခံကြောင်း ထုတ်ပယ်ခံရသည့် CEC အဖွဲ့ဝင်များ တုံ့ပြန်
ရခိုင် အမျိုးသား ပါတီရှိ ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်များ၏ ဆုံးဖြတ်မှုမှာ တရားမ၀င်သောကြောင့် ပါတီမှ ထုတ်ပယ်ခြင်းကို လက်မခံကြောင်း ထုတ်ပယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်များက တုံ့ပြန် ပြောကြားလိုက်သည်။
မြန်မာဈေးကွက်ကို ဦးတည်လာနေသော ကိုရီးယားရေစီးကြောင်း
တစ်ယောက်နှင့် တစ် ယောက် မတည့်ကြသော အဖေတူအမေကွဲ ညီအစ်မနှစ်ယောက်၏ စင်ဒရဲလားပုံပြင်ဇာတ်လမ်း၊ အတိတ်မေ့နေသည့် အမျိုးသမီးတစ်ဦး၏ အချစ်ဇာတ်လမ်းတို့သည် မြန်မာဈေးကွက်ကို ကိုရီးယား ဇာတ်လမ်းတွဲများ ပိုမိုလွှမ်းမိုးဖို့အတွက် ကိုရီးယားနိုင်ငံ၏ ပထမဆုံးခြေလှမ်း ဖြစ်ပါလိမ့်မည်။
‹
›
Home
View web version