
Pages
▼
24.3.16
ရေတပ်ကွန်မန်ဒိုအဖြစ် အသုံးပြုရန် လင်းပိုင်များ ရုရှားဝယ်ယူမည်

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်မည့်ဘတ်ဂျက် ရန်ကုန်စည်ပင် ပြင်ပလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချပေးသင့်ဟု အကြံပြု

၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန်လျာထား သည့်ဘတ်ဂျက်များကို ခုံးကျော် တံတားဆောက်လုပ်ရေးထက် ရန် ကုန်စည်ပင် နယ်နိမိတ်ပြင်ပ ရှိ ကျေးလက်နှင့် မြို့နယ်ဆက်သွယ်ရေးလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချထားသင့်ကြောင်း ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် အကြံပြု တင်ပြလိုက်သည်။
၂၀၁၆ ခုနှစ် မတ်လ တတိယပတ်အထိ နှစ်လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၇၇ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိ

၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ မတ် ၁၈ ရက်အထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၇ ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝန်ကြီးများ လာဘ်စားပါက ထောင်ဒဏ်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
အစိုးရအဖွဲ့သစ် တွင်ပါဝင်မည့်ဝန်ကြီးများ လာဘ်မစားရန် ဒေါ်အောင်ဆန်းစုကြည် က အထူးမှာကြားကြောင်း အစိုး ရအဖွဲ့သစ်တွင် ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးကျော်ဝင်းက ပြောသည်။