Pages
▼
31.3.16
အမေရိကန်သမ္မတက မြန်မာနိုင်ငံ၏မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည်ဟု ကြေညာချက်ထုတ်ပြန်
မြန်မာနိုင်ငံရှေ့ခရီးဆက်ရာမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေအတွက်အမေရိကန်ပြည်ထောင်စုအနေနဲ့မိတ်ဖက်ကောင်းအဖြစ်ရပ်တည်သွားဖို့ မျှော်လင့်လျက်ရှိကြောင်းအမေရိကန်နိုင်ငံသမ္မတအိုဘားမားကမတ်(၃၀)ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးသက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ စံချိန်တင် ထပ်မံမြင့်တက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကုန်ဆုံးမီ တစ်ပတ်အလိုတွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးသက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
နိုင်ငံတကာတွင် အီိဘိုလာ အရေးပေါ် အခြေအနေမှာ ကျော်လွန်သွားပြီဟု WHO ထုတ်ပြန်

အနောက် အာဖရိကမှ အီဘိုလာရောဂါ ဖြစ်ပွားမှုသည် အပြည်ပြည်ဆိုင်ရာ အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း မတ် ၂၉ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥက္ကဋ္ဌဖြစ်သူ မာဂရက်ချန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ ဈေး ၁၆ ခု အဆင့်မြှင့်တင်မှုလုပ်ငန်းများ မေလတွင် အပြီးသတ် ဆောင်ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်ဈေး ၁၆ ခုအား နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ အားလုံးကို မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးများပြီးစီးပါက လမ်းဘေး ဈေးသည်များနှင့် ပျံကျဈေးသည် များကို ယင်းဈေးများ အပေါ်ထပ်၌ နေရာပေး ရောင်းချစေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေး များဌာနမှ သိရသည်။
နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေရုပ်သိမ်းခြင်းနှင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို အသိမမှားရန်လိုအပ်ဟုဆို
ရခိုင်ပြည် နယ်တွင် ထုတ်ပြန်ထားသည့်အရေး ပေါ်ကာလအခြေအနေ ရုပ်သိမ်းခြင်း နှင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ဒေသခံများ အနေဖြင့် အသိမမှားရန်လိုအပ် ကြောင်း မောင်တောမြို့မှအထက် တန်းရှေ့နေတစ်ဦးက ပြောကြား သည်။
စောင့်ကြည့်ရမည့် ဝန်ကြီးချုပ်များ
မတ်လ ၂၈ ရက်ကျမှ ပြည်နယ်တိုင်းလွှတ်တော် အသီးသီးမှာကြေညာမယ့် အင်န်အယ်လ်ဒီဝန်ကြီးချုပ် အမည်စာရင်းတွေဟာ ထုံးစံအတိုင်း မတ်လ ၂၇ ရက် ညနေဘက်ကတည်းက အွန် လိုင်းပေါ်ရောက်လာတယ်။
အီစတာပွဲတော်ပန်းခြံဗုံးပေါက်မှုနောက်ပိုင်းစစ်သွေးကြွ(၂၀၀)ကျော်ကို ပါကစ္စတန်ဖမ်းဆီး

ကလေးငယ်အများစုပါဝင်တဲ့လူ(၇၃)ဦးသေဆုံးခဲ့တဲ့ပန်းခြံဗုံးပေါက်ကွဲမှုဖြစ်
ပွါးပြီးချိန်ကတည်းကစစ်သွေးကြွ(၂၀၀)ကျော်ကိုပါကစ္စတန်မှာဖမ်းဆီးထိန်း
သိမ်းထားတယ်လို့အာဏာပိုင်တွေကမတ်လ(၂၉)ရက်နေ့မှာပြောပါတယ်။
အရင်းဈေးထက် တစ်ပိဿာကျပ် ၂၅ဝ ဈေးမြင့်သော်လည်း လက်လီသာရောင်းချ၍ ဈေးကွက်တွင်ဆီဝယ်ယူရန်အခက်အခဲဖြစ်
ရန်ကုန်ဆီဈေးကွက်တွင် ဆီရောင်းသည့်ပွဲရုံများ၊ ပြည်ပမှ ဆီတင်သွင်း သူများအနက်အများစုမှာ ရောင်းချခြင်း မရှိသည်မှာ ရက်အတန်ကြာသည့်အတွက် ပြည်ပဆီဈေးနှုန်းတက်ချိန် တွင် ယခင်ယူနေကျအမြတ်ထက် များစွာဈေးတင် ရောင်းချမှုရှိလာသည်။
မြစ်ကြီးနားမြို့နယ် နန်းကွေ့-နောင်ပုံကျေးလက်လမ်း ဆောင်ရွက်ပြီးစီး
မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာနှင့် နောင်ပုံကျေးရွာဆက်သွယ်သည့်လမ်းမှ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၂ ဒသမ ၇၆၂ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ ကျောက်လမ်းအဖြစ်လည်းကောင်း၊ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ဝ၉၈ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ မြေသားလမ်းအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။