Pages
(Move to ...)
▼
29.4.16
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်စောင့်စားနေကြောင်း အမေရိကန် သံအမတ်ကြီး ပြောကြား
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လက်တွဲ ဆောင်ရွက်သွားရန် မျှော်လင့် စောင့်စားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ရန်ကုန်မြို့တွင် ပြောကြားသည်။
နယ်စပ်တွင် ပိတ်မိနေသော ကားအစီး ၁၅,၀၀၀ မေလ ၁ ရက်မှစ၍ ပြန်သွင်းခွင့်ပြု
နယ်စပ်မှ မော်တော် ယာဉ်နှင့် ယန္တရားတင်သွင်းမှုများ ကို ပိတ်ပင်ထား၍ နယ်စပ်တွင် ပိတ်မိနေသော ကားအစီး၁၅,၀၀၀တင်သွင်းခွင့်ကို မေလ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာပို့လာကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မြောက်ကိုရီးယားက ဒုတိယအကြိမ် တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားပြော
ကြာသပတေးနေ့တွင် မြောက်ကိုရီးယားနိုင်ငံသည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စွမ်းအားပြင်း တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ရန် ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ထူး၊ ဦးပိုင်၊ မက်စ်မြန်မာနှင့် ရွှေတောင်အပါအ၀င် ကုမ္ပဏီများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေဧက ၂၇၀၀၀ ခန့်တွင် ကျောက်မီးသွေး ထုတ်လုပ်နေပြီး ရေသုံးစွဲမှု ခွင့်ပြုချက် လုံးဝရယူထားမှုမရှိဘဲ လုပ်ကိုင်နေခြင်းကြောင့် မြေစာများစုပုံကာ ရေလမ်းကြောင်း ပြောင်းလဲမှု ဖြစ်ပေါ်နေ
ထူး၊ မြန်မာ့စီးပွားရေးဦးပိုင်၊ ထွန်းသွင်၊ မက်စ်မြန်မာနှင့် ရွှေတောင်အပါအ၀င် ကုမ္ပဏီများက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြေဧက ၂၇၀၀၀ ခန့်အပေါ်တွင် အကြီးစား ကျောက်မီးသွေး ထုတ်လုပ်မှုများ ပြုလုပ်နေသော်လည်း ရေထုတ်ယူ သုံးစွဲခွင့် ခွင့်ပြုချက် ရယူထားမှုမရှိဘဲ ကျောက်မီးသွေး ထုတ်ယူနေမှုကြောင့် မြေစာများစုပုံကာ ရေလမ်းကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ပုံမှန်တိုင်းတာ စစ်ဆေးခြင်း မရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနနှင့် စိမ်းလန်းအမိမြေတို့ ပူးပေါင်းလုပ်ဆောင်သည့် သတ္တုတွင်းကဏ္ဍဆိုင်ရာ ကျောက်မီးသွေးမိုင်းများသို့ ကနဦးပူးပေါင်း ကွင်းဆင်းလေ့လာ ဆန်းစစ်ခြင်းနှင့် လူထုကြားနာပွဲ ပြီးမြောက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
‹
›
Home
View web version