Pages
(Move to ...)
▼
6.5.16
မလေးရှား ဒုတိယ၀န်ကြီးတစ်ဦး လိုက်ပါသွားသော ရဟတ်ယာဉ် တစ်စင်း ဆာရာဝတ်ပြည်နယ်တွင် ပျောက်ဆုံး
ဆာရာဝတ်ပြည်နယ်တွင် မလေးရှားဒုတိယ၀န်ကြီးတစ်ဦးနှင့် ပါလီမန်လွှတ်တော် အမတ်တစ်ဦး အပါအ၀င် လူ ၆ ဦးလိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျောက်ဆုံးခဲ့ပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး စိန်တုံးကြီးကို လန်ဒန်တွင် လေလံတင် ရောင်းချသွားရန် စီစဉ်
ကမ္ဘာ့ ဒုတိယ အကြီးဆုံး စိန်တုံးကြီးကို လာမယ့် လထဲမှာ လန်ဒန်မှာ
လေလံတင်ရောင်းချသွားတော့မယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
ဇွန်လကုန်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချမည်ဟု ဆို
ဇွန်လကုန်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သတင်းရရှိပြီး ယင်း ကျောက်မျက်ပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှ ကောက်ခံထားသော ရန်ပုံငွေ ယူရို ၈၇ သန်းကျော် စာရင်းရှင်းတမ်း ထုတ်ပြန်ရန် ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်များ တောင်းဆို
၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နေပြည်တော် ကျောက်မျက်ရတနာပြပွဲတွင် တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာ တန်ဖိုး၏ တစ်ရာခိုင်နှုန်းအား ရန်ပုံငွေအဖြစ် ကောက်ခံထားသောငွေများ စာရင်းရှင်းတမ်း ထုတ်ပြန်ရန် ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်များက တောင်းဆိုထားကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်း
အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာရှစ်ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်းထားကြောင်း Myanmar Investment Commission ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က မေ ၅ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသော ကျောင်းအုပ် တစ်လနီးပါး ကြာသည်အထိ လွတ်မြောက်ခြင်း မရှိဟုဆို
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရသော အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာ တစ်ဦးသည် တစ်လနီးပါးကြာ မြင့်လာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း နမ့်ခမ်းမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အစိုးရသစ်တက်ချိန် ရက် ၁ဝဝ အတွင်း စက်ရုံအလုပ်သမားများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမည်
အစိုးရသစ် စတက်သည့်အချိန်မှစပြီး ရက် ၁ဝဝ အတွင်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို အိမ်ထောင်စုစာရင်း မရှိပါက စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
Happy Mother Day For (8.5.2016)
‹
›
Home
View web version