Pages

12.5.16

ဥတုချောင်းရှင်းလင်းရန် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၅၀ ကျော်ရပ်နားမည်

ဖားကန့်ဒေသရှိကျောက်စိမ်းကုမ္ပဏီအချို့ မေလ ၁၅ ရက်မှ စ၍ ယခုနှစ်ရာသီကုန်အထိ တူးဖော်မှုလုပ်ငန်းရပ်နားမည်ဟု ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ဒုတိယဥက္ကဋ္ဌ ဦးဇော်လျှံလွမ်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

တပ်မတော်သတင်းစာရှင်းလင်းပွဲ မီဒီယာရွေးဖိတ်

မေ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်၏သတင်းစာရှင်းလင်းပွဲ
သို့ တက်ရောက်သတင်းယူမည့် မီဒီယာများကို ဖိတ်ကြားရာတွင် ခွဲခြားဆက်ဆံသော သဘောထားများပါဝင်နေသည်ဟု ဆိုနိုင်စရာအနေအထားကို တွေ့ရသည်။

လုပ်ငန်း ၃ခုအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၂၀၀အား အစိုးရချေးယူမည်

ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးဌာန ၃ခုမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ချေးယူခွင့်ပြုရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ချေးယူခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်သို့ မေလ ၁၃ရက်တွင် ရှင်းပြမည်ဖြစ်သည်။
အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၀၀အား ချေးယူခွင့်ပြုရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက မေလ ၁၃ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။
မေလ ၁၃ရက် အစည်းအဝေးအစီအစဉ်လျာထားချက်အရ ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ချေးယူမည်ဟု ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀၅သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသလမ်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၇၀နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာနမှ အရေးပေါ် တုံ့ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၁၅သန်းကို အသီးသီး ချေးယူကြမည် ဖြစ်သည်။
Credit To >>> Mizzima Burmese

နိုင်ငံတကာအဖွဲ့အစည်းများအကြား ဆောင်ရွက်မည့်အလားအလာများ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်း



မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အရေးပါမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂအေဂျင်စီ များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။

အင်္ဂါဂြိုလ်နဲ့ကမ္ဘာနီးကပ်မှုကြောင့်မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်နိုင်


အင်္ဂါဂြိုလ်ဟာကမ္ဘာမြေနဲ့အနီးဆုံးကိုရောက်ရှိလာမယ့်မေ(၁၈)ရက်ကနေဇွန်(၃)ရက်ထိမြန်မာနိုင်ငံအတွင်းမှာရာသီဥတုဖောက်ပြန်မှုတွေဖြစ်ပွားနိုင်တယ်လို့မြန်မာနိုင်ငံနက္ခတ်ပညာရှင်များအသင်းဥက္ကဋ္ဌဆရာမကြီးဒေါ်ကြည်ကြည်စိန်ကပြောပါတယ်။မေ(၃၀)ရက်မှာအင်္ဂါဂြိုလ်ဟာ(၁၁)နှစ်တာကာလအတွင်းကမ္ဘာနဲ့အနီးဆုံးနေရာကိုရောက်ရှိလာမှာဖြစ်တဲ့အတွက်ကမ္ဘာမြေနဲ့မိုင်သန်းပေါင်း(၄၆.၈)မိုင်သာကွာဝေးတော့မှာဖြစ်ကြောင်းနဲ့ပုံမှန်အကွာအဝေးမှာမိုင်သန်းပေါင်း(၂၄၉)မိုင်ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ ဗိုလ်ချုပ်လမ်း နှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန်ဌား ရမ်းပေးခြင်း အားရပ်ဆိုင်းပေးရေးအဆို ကို ယနေ့(မေ၁၂ရက်က)ကျင်း ပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိအတည်ပြု



ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ ဗိုလ်ချုပ်လမ်း နှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန်ဌား ရမ်းပေးခြင်း အားရပ်ဆိုင်းပေးရေးအဆို ကို ယနေ့(မေ၁၂ရက်က)ကျင်း ပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိအတည်ပြုပေးလိုက်သည်။

Credit To >>> 7 Day Daily

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ခွင့် ထပ်မံခွင့်မပြုတော့ဟုဆို

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ တွင် ကျောက်မျက်တူးဖော်သည့် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ် လုပ်ကွက်၊ အကျိုးတူလုပ်ကွက် အသစ်များကို ကျောက်မျက် ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ထပ်မံ မချထားပေးတော့ဘဲ ကျောက်စိမ်း ရိုင်းသယံဇာတများ တူးဖော်ထုတ် လုပ်ခြင်းကို ကန့်သတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။