Pages

21.5.16

မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမည့် ဇွန်လမှာ ကျင်းပသွားမယ်


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို လာမည့် ဇွန် ၂၄ ရက်မှ ဇူလိုင် ၄ ရက်
အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆီးရီးယားတွင် ပူးတွဲ လေကြောင်းစစ်ဆင်ရေး ဆင်နွှဲရန် ရုရှားက ကမ်းလှမ်းသော်လည်း အမေရိကန် ပယ်ချ


လာမည့် သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတွင်းရှိ စစ်သွေးကြွများအပေါ် လေကြောင်းစစ်ဆင်ရေးများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရာတွင် အမေရိကန်ပါဝင်ပေးရန် ရုရှားက မေလ ၂၀ ရက်မှာ ကမ်းလှမ်းပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင်ဖော်ပြသည်။ သို့ရာတွင် ယင်းကမ်းလှမ်းချက်ကို အမေရိကန်က ရုတ်ခြည်းပင် ပယ်ချသွားခဲ့သည်ဟု သိရသည်။

ရုရှားစစ်ရေယာဉ်များသို့ စစ်ဦးစီးအရာရှိချုပ်(ရေ) သွားရောက်လေ့လာ


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ရုရှားရေတပ်မှ စစ်ရေယာဉ်များသို့ မေ ၂၀ ရက် ညနေပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်လေ့လာရာ စစ်ရေယာဉ်ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေယာဉ်တာဝန်ကျတပ်ဖွဲ့များက ကြိုဆိုကြသည်။