Pages

10.6.16

တောဆင်ရိုင်း(၃)ကောင်ဖြတ်ရန်အတွက်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးလမ်းပိုင်းတစ်ခုယာယီပိတ်

ပဲခူးရိုးမမှတောဆင်ရိုင်းသုံးကောင်သည် လူနေရပ်ကွက်များထဲဝင်ရောက်လာပြီး လူများကိုရန်မူလာသည့်အတွက် ရွာသားအချို့သေဆုံးခဲ့ရပြီးနောက် ထိုတောဆင်ရိုင်းများအား ပဲခူးရိုးမသို့ပြန်လည်မောင်းထုတ်ရန် ကြားတွင်ခံနေသည့်ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း တစ်ခုကို ယနေ့ည၉ နာရီခွဲခန့်မှစကာယာယီပိတ်လိုက်ရကြောင်းသိရသည်။

ယခုနှစ်နိုဝင်ဘာလတွင် လာအိုနိုင်ငံ၌ ဂျပန်နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

ဂျပန်နှင့် အာဆီယံအသင်းဝင် ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် နိုဝင်ဘာလအတွင်း လာအိုနိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ဇွန် ၈ ရက်တွင် ပြောကြားသည်။

ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တားမြစ်မှုကြောင့် မျှင်ပုစွန် အခြောက်စက်ရုံတည်ဆောက်ရန် ပြင်ဆင်ထားသည့်အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းရန် အကြောင်းကြားထား

ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ တားမြစ်မှုကြောင့် ဒေါ်အေးဆိုင် (စွမ်းပြည့်စုံကုမ္ပဏီ)မှ ၂ဝ၁၆ ခုနှစ် မေ ၁၆ ရက်တွင် လုပ်ငန်းများ ရပ်ဆိုင်းထားပြီး အဆိုပါ မြေပေါ်မှ ကဏန်းပျော့မွေးမြူခြင်းနှင့် မျှင်ပုစွန် အခြောက်စက်ရုံ တည်ဆောက်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အအုံများကို ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝ ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇွန် ၆ ရက်တွင် အကြောင်းကြားထားပါကြောင်း၊ လိုက်နာမှုမရှိပါက ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ယနေ့အစည်းအဝေးတွင် ဖြေကြားသည်။