စက်မှုလုပ်ငန်း ဥပဒေအား ပြင်ဆင်နိုင်ရန် လေ့လာနေကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်လွင်(ခ) ဦးပေါခင်က ပြောကြားသည်။
Pages
▼
4.7.16
၁၉၈၂ ဥပဒေဖြင့် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် ပြည်သူ့ ကိုယ်စားလှယ် (တိုင်းရင်းသား ကိုယ်စားလှယ်) နှစ်ဦး ထည့်သွင်း ဖွဲ့စည်းပေးရန် ANP လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်ဖြူ၊ ဘူးသီးတောင် ဒေသခံများ လက်မှတ် ရေးထိုးတောင်းဆို
၁၉၈၂ ဥပဒေဖြင့် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် ပြည်သူ့ ကိုယ်စားလှယ် (တိုင်းရင်းသား ကိုယ်စားလှယ်) နှစ်ဦး ထည့်သွင်း ဖွဲ့စည်းပေးရန် ANP လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်ဖြူ၊ ဘူးသီးတောင် ဒေသခံများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။
ရုရှားစစ်သင်္ဘောနှင့်အမေရိကန်စစ်သင်္ဘောချင်း တိုက်မိမလိုဖြစ်ခဲ့

ရုရှားစစ်သင်္ဘောတစ်စင်းသည် မြေထဲပင်လယ်အရှေ့ဘက်ပိုင်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘော အိုင်စင်ဟောင်ဝါအနီး၌ကပ်လျက် ဘေးအန္တရာယ်ရှိသော စစ်ရေးလေ့ ကျင့်မှုများကို ဇွန် ၃၀ ရက်က ပြုလုပ် ခဲ့၍ ရေယာဉ်ချင်းတိုက်မလိုဖြစ်ခဲ့ရ သည်ဟု အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနမှအရာရှိများက ဇူလိုင် လ ၂ ရက်က ပြောဆိုလိုက်သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း ရခိုင်အမျိုးသားပါတီ ရန်ကုန်တွင် သတင်းစာရှင်းမည်

ပြည်သူလူထုနှင့် ဌာနဆိုင်ရာအဆင့်ဆင့်ပုဂ္ဂိုလ်များ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အကြောင်းအား သိရှိနားလည်စေရေး အတွက် သတင်းစာရှင်းလင်းပွဲကို ရခိုင်အမျိုးသားပါတီမှ ဇူလိုင်လလယ် ပိုင်း၌ ရန်ကုန်မြို့ တွင်ပြုလုပ်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောသည်။
မက်စ်မြန်မာဟိုးဒင်းက သီလဝါဆိပ်ကမ်းအနီးမြေများအတွက် မူလပိုင်ရှင်များထံ လျော်ကြေး သိန်း ၁၄၀၀ကျော်ပေးအပ်

မက်စ်မြန်မာဟိုးဒင်း ကုမ္ပဏီမှ သီလ၀ါ ဆိပ်ကမ်းဒေသအနီးရှိ အကွက်အမှတ် (၁၅) နှင့် (၁၆)တို့အတွင်းရှိ လယ်ယာမြေ ဧက ၂၀.၁၈ဧကအတွက် မူလပိုင်ရှင်များထံ လျော်ကြေးငွေ စုစုပေါင်း သိန်း ၁၄၀၀ကျော် (၁၄၁,၂၆၀,၀၀၀) ကို ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၃ရက်က အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။
ကိုလိုနီခေတ် ဥပဒေများကို ဖျက်သိမ်းခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်း ပြုလုပ်ရန် HRW တိုက်တွန်း
မြန်မာအစိုးရသစ်အနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်း ခြောက်သော ကိုလိုနီခေတ် ဥပဒေများကို ဖျက်သိမ်းခြင်း (သို့ မဟုတ်) ပြင်ဆင်ခြင်းပြုလုပ်သင့် ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ကြီးဖြစ်သည့် HRW က ဇွန်လ ၂၉ ရက်တွင် အစီရင်ခံ စာ ထုတ်ပြန်တိုက်တွန်းခဲ့သည်။
ဗီယက်နမ်လေကြောင်းလိုင်း Vietjet က ရန်ကုန်-ဟိုချီမင်း-ထိုင်ဝမ်ခရီးစဉ် တိုးချဲ့ပြေးဆွဲမယ်

ဗီယက်နမ်နိုင်ငံရဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Vietjet
က ရန်ကုန်-ဟိုချီမင်း-ထိုင်ဝမ် တိုးချဲ့ခရီးစဉ်ပြေးဆွဲမယ်လို့
Vietjet ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရှိလာဖို့ ပစ်မှတ်ထား
ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးချုပ် ဖြစ်တဲ့ Prawit Wonsuwan ဟာ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ခဲ့ပြီးတော့ ၂၀၁၇ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏကို အမေရိကန်ဒေါ်လာ
၂၀ ဘီလီယံ အထိတိုးမြင့်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်ဖို့သဘော
တူခဲ့ တယ်လို့ ethailand သတင်းဌာနမှာဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့အွန်လိုင်းဈေးရောင်းဈေးဝယ်ကဏ္ဍမှာ အာဆီယံများစွာနောက်ကျနေ

အဓိက အာဆီယံစီးပွားရေးနိုင်ငံတွေထဲမှာ ရှိနေကြတဲ့ လူခြောက်
ဦးထဲက တစ်ယောက်လောက်ကပဲ အွန်လိုင်းကနေ ဈေးရောင်းဈေး
ဝယ်မှု (e-commerce) တွေကို လုပ်ဆောင်လျက်ရှိတာကြောင့်
အလျင် အမြန်တိုးတက်လာနေတဲ့ ဒေသရဲ့အီလက်ထရောနစ်
ကုန်သွယ်မှုက ယခုမှအစပျိုးအဆင့်မှာပဲရှိနေသေးတယ်ဆိုပြီး
အစီရင်ခံစာတစ်ရပ်မှာဆိုထားပါတယ်။
မိုးရွာသွန်းမှုများသဖြင့် ရာဇဂြိုဟ်ဆည်အထက်တွင်ရှိသည့် နုန်းတားဆည်ပျက်စီးမှုအနည်းငယ်ရှိသော်လည်း စိုးရိမ်စရာမရှိ

ချင်းပြည်နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တွီလီချောင်းမှ တစ်ဆင့် ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာ သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည်အထက်တွင်ရှိသည့် နုန်းတားဆည် တွင် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဆည်မြောင်းဦးစီး ဌာနမှ သိရသည်။
နေပြည်တော် ပြည်သူ့လွှတ်တော်ရုံးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့) နံနက် ၁ဝ နာရီအချိန်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေး သို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ဆက်သွယ်ရေးနှင့် အင်တာနက်အသုံးပြုလျက်ရှိသော ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ဆက်သွယ်ရေးနှင့် အင်တာနက်အသုံးပြုလျက်ရှိသော ဒေသခံပြည်သူများအတွက်