မြန်မာနိုင်ငံရှိ လက်ခစားစနစ် (CMP) အထည်ချုပ် ပို့ကုန်များကို အမေရိကန်၊ ကနေဒါ နှင့် ရုရှားနိုင်ငံ အထိ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဌာနမှ နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်း အမျိုးအစား ၂၅ မျိုးအား ထုတ်ပြန်ခဲ့ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ သတင်း ထုတ်ပြန်သည်။