Pages

18.7.16

“ ဥက္ကဋ္ဌဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ၀ါဆိုသင်္ကန်းကပ် အလှူတော် မင်္ဂလာ ကျင်းပပြုလုပ်”















ယနေ့ ဇူလိုင်လ (၁၈)ရက်၊ ၂၀၁၆ခုနှစ်တွင် (၅၂)နှစ်ပြည့် မွေးနေ့ကျရောက် သည့် ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ ဦးတေဇအတွက် မွေးနေ့ အထိမ်း အမှတ်အဖြစ် ထူးကုမ္ပဏီများအုပ်စု၏ Hotel Business Unit နှင့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ်မှ ၀န်ထမ်းများသည် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် သံဃာတော် (၅)ပါးအား ပင့် ဖိတ်ပြီး ၀ါဆို သင်္ကန်း ကပ်လှူဒါန်း မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလှူတော်မင်္ဂလာအခမ်းအနားကို ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ (Conference Hall) တွင် ယနေ့ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၀ါဆိုသင်္ကန်းလှူဒါန်းမှုနှင့်အတူ န၀ကမ္မ အလှူငွေလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းခဲ ဖွယ်ဘောဇဉ်များ လှူဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။
ယခုကဲ့သို့ လှူဒါန်းမှုကြောင့် ဥက္ကဋ္ဌဦးတေဇသည် ကုသိုလ်ကောင်းမှု တရားများ တိုးပွားပြီး အသက်ရှည်ကျန်းမာ ပါစေကြောင်း ရည်ရွယ်ပြီး Hotel Business Unit နှင့် Kandawgyi Palace Hotel ဝန်ထမ်းများမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ထူးကုမ္ပဏီများအုပ်စု အနေဖြင့် ယခုပြုလုပ်သော ကုသိုလ်ကောင်းမှု အစုစုတို့ အား မိမိတို့ကုမ္ပဏီအုပ်စု၏ဌာန အသီးသီးမှ ၀န်ထမ်း များ အားလုံး အပြင် (၇)ရက်သားသမီးအပေါင်းတို့ပါ ၀မ်းမြောက် ၀မ်းသာစွာဖြင့် သာဓုခေါ် ဆို နိုင်ကြရန် ဖော်ပြအပ်ပါသည်။
Credit To >>> Htoo Foundation Companies

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်တို့ ရန်ကုန်တွင် ပထမအကြိမ် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ခေါင်းဆောင်လေးဦးတို့ ဇူလိုင် ၁၇ရက် ညနေက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပါကင်ပါမစ် ပြန်ပေးမည်ဟုဆို

မော်တော်ယာဉ်လုပ်ငန်းရှင်များမျှော်လင့်နေသော ပါကင်ပါမစ်များကို ပြန်လည်ချထားပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မော်တော်ယာဉ်လုပ်ငန်းရှင်အသင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ကျောက်စိမ်းထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းပေးရန် တောင်းဆို

ကျောက်စိမ်းတူးဖော်မှု ယာယီ ရပ်ဆိုင်းပေးရန်နှင့် ပြည်တွင်းဈေးကွက်အတွင်း ကျောက်ဈေးကွက် စီးဆင်းမှု ရှိစေရေး လက်မှတ်ထိုး တောင်းဆိုမှုကို အစိုးရက လုပ်ဆောင်ပေးခြင်း မရှိလျှင် အများဆန္ဒနှင့်အညီ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ ကျောက်လုပ်ငန်းရှင်များက ပြောကြားသည်။

“ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် ၀ါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်”




















ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌဦးတေဇ၏ အသက် (၅၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ယနေ့ ဇူလိုင် လ(၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်တွင် ၀ါဆို သင်္ကန်းကပ် အလှူတော် မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။
ဥက္ကဋ္ဌဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် အဆိုပါ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဥက္ကဋ္ဌ ဦးတေဇ၏ ယနေ့တွင် ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အလှူရေစက်လက်နှင့် မကွာ လှူဒါန်းမှုများ ပြုလုပ်နိုင် ပါစေကြောင်းနှင့် ကောင်းမှုကုသိုလ်များစွာကိုလည်း ပြုလုပ်နိုင်ပါစေကြောင်း ထူးကုမ္ပဏီများအုပ်စု၏ ဌာနအသီးသီးမှ ၀န်ထမ်းများအားလုံး ကိုယ်စား ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဥက္ကဋ္ဌဦးတေဇသည် ထူးကုမ္ပဏီများအုပ်စုကို ဦးဆောင်မှုပေးနေ သည်သာမက အခြားတစ်ဘက်တွင်လည်း ထူးဖောင်ဒေးရှင်း ၏ နာယကအဖြစ် မြန်မာနိုင်ငံ၏ လိုအပ်ချက်ရှိသော ဝေးလံခေါင်သီသည့် အရပ်ဒေသများတွင် ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ပံ့ပိုးမှုများ ပေးလျှက်ရှိနေပါသည်။
Credit To >>> Htoo Foundatoin Companies

ခရီးသွားများကြား လူမှုဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး လှုပ်ရှားမှုများ တစ်နိုင်ငံလုံး လုပ်မည်

ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကြား လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍအတွက် အသိပညာပေး လှုပ်ရှားမှုအဖြစ် အလုပ်ရုံ ဆွေးနွေးပွဲများကို နိုင်ငံအနှံ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင်က ပြောကြားသည်။

တစ်နေ့လုပ်အားခယွမ်ငွေ(၁၀၀)ကျပ်ဖြင့် ဖုန်းနားကြပ်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ရမည်ဟု ယုံကြည်အောင်ပြောဆို၍ မြန်မာငွေကျပ်သိန်း(၃၀)ဖြင့်ရောင်းစားခံရသည့် လူကုန်ကူးခံရမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မင်းခေါင်းမြောက်ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ကလူကုန်ကူးခံရမှုဖြစ်ပွားခဲ့ရာတရားလို ဒေါ်တင်အေး၊စမ်းပွင့်ကျေးရွာနေသူမှ ဇူလိုင်လ(၁၅)ရက်နေ့ တွင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဧပြီလ(၂၅)ရက်နေ့ ညနေ(၇)နာရီအချိန်ခန့်တွင် တရားလိုဖြစ်သူ ဒေါ်တင်အေးသည် စမ်းပွင့် ကျေးရွာရှိမိမိ၏နေအိမ်တွင်ရှိနေစဉ်၊ အောင်ချမ်းသာကျေးရွာနေ ဦးဝင်းနိုင်၊ မ၀ါဝါခိုင်နှင့်် နန့်အွန်ကျေးရွာ၊မူဆယ်မြို့နယ်နေသူ မအီသွယ်နှင့် မောင်အကျောက်တို့ ရောက်ရှိလာပြီး၊ ဒေါ်တင်အေး၏သမီးဖြစ်သူ မသူဇာနွဲ့၊ အသက်(၁၈)နှစ်(ဘ)ဦးအောင် သိုက်အား တရုတ်နိုင်ငံတွင် တစ်နေ့လျှင် ယွမ်ငွေ(၁၀၀)ကျပ်ဖြင့် ဖုန်းနားကြပ်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ကိုင်ရ မည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းနောက် လွန်ခဲ့သော (၁၀)ရက်ခန့်က မိခင်ဖြစ်သူ ဒေါ်တင်အေးမှ ရာအိမ်မှူး ဦးငြိမ်းမောင်၏နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ သူဇာနွဲ့ထံသို့ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ၊ ၄င်းအား မအီသွယ်နှင့် မောင်အကျောက်တို့က တရုတ် အမျိုးသားတစ်ဦးထံတွင် မြန်မာငွေကျပ် သိန်း(၃၀)ဖြင့် ရောင်းစားခံခဲ့ရ ကြောင်းသိရှိရသဖြင့် ဦးဝင်းနိုင်၊ မ၀ါဝါခိုင်၊ မအီသွယ်နှင့်မောင်အကျောက်တို့အားဥပဒေအရ အရေးယူပေးပါရန် ဇူလိုင်(၁၅) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းမှ ၀င်းနိုင်(၄၈)နှစ်၊ (ဘ) ဦးညွန့်အောင်၊ အောင်ချမ်းသာကျေးရွာနေသူနှင့် မ၀ါဝါခိုင်(၂၄)နှစ်(ဘ)ဦးဝင်းနိုင်၊အောင်ချမ်းသာကျေးရွာနေသူတို့နှစ်ဦးအား၊(ပ)၃၇/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ အရ အရေးယူဆောင်ရွက်ထားရှိပြီး၊ တရုပ်ပြည်တွင် ရောက်ရှိနေသော မသူဇာနွဲ့အား ကယ်တင်နိုင်ရေးနှင့်နန့်အွမ်ကျေးရွာ မူဆယ်မြို့နေသူ မအီသွယ်နှင့်မောင်အကျောက်တို့အား ဖမ်းဆီးရမိရေး မူဆယ်မြို့လူကုန်ကူးမှုတားဆီးကာကွယရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Credit To >>> The Mirror Daily

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အစီရင်ခံစာ တစ်စိတ်တစ်ဒေသကို အမေရိကန် ကွန်ဂရက်ထုတ်ပြန်

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီး မပေါ်ပေါက်မီ လေယာဉ်ပြန်ပေးဆွဲသူ အချို့နှင့် ဆော်ဒီအာရေဗျ တာဝန်ရှိသူများအကြား ဆက်နွှယ်မှုရှိခဲ့ပုံရသည်ဆိုသော အကြောင်းအရာ ဖော်ပြချက် ပါဝင်သည့် အစီရင်ခံစာ တစ်စိတ် တစ်ဒေသကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။