Pages

28.7.16

ဇုန်ထုတ်ကားများအပ်နှံပြီး အိမ်စီးကား အစားထိုး တင်သွင်းခွင့်မပြုတော့

စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံပါက အိမ်စီးကားများ ပြန်လည်တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

(၈)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများအစည်းအဝေးဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံထမ်းဆောင်မည်



နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် e-lottery စနစ်ဖြင့် ၅ဝဝ ကျပ်တန်ထီများ တိုးချဲ့ဆောင်ရွက်ရန်စီစဉ်



ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီပေါက်သူ ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်သော ထီဆုငွေများမှ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူခြင်းမရှိသည့် ဘဏ္ဍာသိမ်းရငွေများအပေါ် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဆင့် နိုင်ငံတော်၏လုံခြုံရေး၊ ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် ၅၁ သန်းကျော်သော ပြည်သူများအတွက် အချိုးကျပြန်လည်ခွဲဝေသုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်လေးစင်းဝယ်ယူရေး ကန်ထရိုက်စာချုပ် အိန္ဒိယလက်မှတ်ရေးထိုး

အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်လေးစင်း ဝယ်ယူရေးဆိုင်ရာ ကန်ထရိုက် စာချုပ်ကို အိန္ဒိယနိုင်ငံက ဇူလိုင် ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်စည်းရိုး ကာရံမည်

အိန္ဒိယနိုင်ငံအား နမူနာယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားများ ဝင်ရောက်မှုနှင့် ကုန်မှောင်ခိုကူးမှုများအား တားဆီးနိုင်ရေးအတွက် သံဆူးရိုးစည်းရိုးအား မြန်မာနယ်စပ်တွင် ကာရံရန် ဆုံးဖြတ်ထားသည်။

ဗြိတိန်အစိုးရနဲ့ ပူးပေါင်းပြီး Amazon က ဒရုန်း သယ်ယူပို့ဆောင်မှုစနစ်ကို လုပ်ဆောင်သွားမည်

ပါဆယ်ပစ္စည်းအထုပ်တွေကို ဒရုန်းလေယာဉ်ငယ်တွေနဲ့ သယ်ယူပို့ဆောင်ပေးမယ့် စနစ်တစ်ခု ထူထောင်လုပ်ဆောင်ဖို့
အတွက် ဗြိတိန်အစိုးရဆီကနေ ခွင့်ပြုချက်ရရှိထားပြီလို့ အမေရိကန် အွန်လိုင်းလက်လီလုပ်ငန်းစု Amazon ကုမ္ပဏီက
ကြေညာသွားပါတယ်။