Pages

1.8.16

အာဆီယံနိုင်ငံများကြား ဘုံငွေကြေးစနစ် မထူထောင်တော့ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဆို

အာဆီယံနိုင်ငံများအကြား ဘုံငွေကြေးစနစ် ထူထောင်တော့မည်မဟုတ်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။ CLMV ဟုခေါ်သော ကမ္ဘောဒီးယား၊လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း တိုးတက်စေရေး ဇူလိုင် ၃၁ရက်တွင် ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပသည့် ‘လေးနိုင်ငံခရီးစဉ် ဒေသတစ်ခု’ ကွန်ဖရင့်တွင် ဒေါ်ခင်စော ဦးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖျက်ဆီးသူများကို ချေမှုန်းမည်ဟု ကိုးကန့်အဖွဲ့ ထုတ်ပြန်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်ဆီးမည့်သူများကို ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) က ကြေညာချက် ထုတ်ပြန်သည်။

ဂျပန်နိုင်ငံ က Aeon လုပ်ငန်းစု မြန်မာနိုင်ငံမှာ စူပါမားကတ်တွေဖွင့် လှစ်မယ့် ပထမဆုံး နိုင်ငံခြား ကုမ္ပဏီဖြစ်လာ

ဂျပန်နိုင်ငံ က Aeon လုပ်ငန်းစဟာ မြန်မာနိုင်ငံမှာစူပါမားကတ်တွေဖွင့်လှစ်မယ့် ပထမဆုံး နိုင်ငံခြား ကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးလပတ် အရှုံးများခဲ့သော်လည်း ရှယ်ယာတန် ဖိုးမြင့်တက်ခဲ့တဲ့ Boeing ကုမ္ပဏီ


ယခုနှစ် ၂၀၁၆ ဒုတိယသုံးလပတ်ထဲမှာ လုပ်ငန်းဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၃၄ သန်းထိရှိခဲ့တယ်ဆိုပြီး အမေရိကန်
လေယာဉ်ထုတ်ကုမ္ပဏီ Boeing က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းဟာလည်း ခုနစ်တာနီးပါးကာလအတွင်း ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ သုံးလပတ်အရှုံးဖြစ်လာခဲ့တယ်လို့လည်းဆိုသွားခဲ့ပါတယ်။

ပထမ ၆ လ နိုင်ငံခြားခရီးသွားဝင်ရောက်မှုလျော့ကျနေသော်လည်း အခုနှစ် လျာထားချက်ပြည့်မီဖို့ ခရီးသွားလုပ်ငန်းရှင်တွေမျှော်လင့်

ပထမ ၆ လတာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုလျော့ကျနေသော်လည်း အခုဘဏ္ဍာနှစ်ခရီးသွားလျာထားချက် ပြည့်မီနိုင်
မယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိ သူတွေကပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိကဆန်ဈေးကွက် စင်ကာပူဖြစ်လာနိုင်



င်ကာပူနိုင်ငံက ဆန်ကုန်သည်တွေဟာ ထိုင်းနိုင်ငံထွက် ဆန်တွေကို ၀ယ်ယူတင်သွင်းဖို့ အဆင်သင့်ဖြစ်နေလျက်ရှိတာကြောင့် ယင်းနိုင်ငံဟာ မိမိတို့ရဲ့ အဓိကဆန်ဈေးကွက်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးApiradi Tantraporn က ပြောကြားသွားပါတယ်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက် အအုံ ၄၄၃ လုံး တွေ့ရှိ

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ တစ်ခုဖြစ်သည့် ပုဂံ-ညောင်ဦး ဒေသရှိ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ ၄၄၃ လုံးခန့် တွေ့ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။