Pages

12.8.16

ရေပိုင်နက် အငြင်းပွားမှုတွင် ဥပဒေအား လေးစားရန် ဖိလစ်ပိုင်နှင့်ဂျပန်က တရုတ်ကို တိုက်တွန်း

တောင်တရုတ်ပင်လယ်ရှိ နယ်မြေအများစုအား တရုတ်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်မှုသည် ဥပဒေကြောင်းအရ မညီညွတ်ဟု အပြည်ပြည်ဆိုင်ရာ ခုံသမာဓိတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာတွင် ဥပဒေကို လေးစားလိုက်နာရန် ဖိလစ်ပိုင်နှင့် ဂျပန်တို့က သြဂုတ် ၁၁ ရက်တွင် တရုတ်ကို ပူးတွဲတိုက်တွန်းခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝခွင့်မပြုတော့ဘဲ ရပ်ဆိုင်းမည်ဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းကသာ သစ်ထုတ်လုပ်မှု ပြုတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးထံ တင်ပြထားကြောင်း သိရ

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခွင့် တစ်နှစ်ရပ်ဆိုင်းခြင်းနှင့် ပဲခူးရိုးမတွင် သစ်ခုတ်ခွင့် ၁၀ နှစ် တားမြစ်ခြင်းအပြင် မြန်မာ့သစ်လုပ်ငန်းမှ ယခင်ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်ပြုခဲ့ရာမှ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝမပြုရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးသို့ တင်ပြထားကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု


ယနေ့ (သြဂုတ် ၁၀ ရက်) တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့် သြဂုတ် ၂ ရက်က မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်း တင်သွင်းခဲ့သည့် “နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈၈ ဦးအနက် ၃၇၀ ဦးက ထောက်ခံမဲပေးခဲ့ကြသည့် အတွက် ယင်းအဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါသည်။

သီလဝါရှယ်ယာဈေး ကျပ်လေးသောင်းခွဲသို့ကျ


ရန်ကုန်စတော့အိတ် ချိန်းတွင် သြဂုတ် ၁၀ ရက် နံနက် အဖွင့်ဈေး၌ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် အနိမ့်ဆုံးဈေးဖြစ်သည့် ရှယ်ယာ တစ်စုလျှင် ကျပ် ၄၅,၀၀၀ သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက်မြန်မာလုပ်သားများအတွက် ပတ်စ်ပို့နှင့် ယာယီသက်သေခံလက်မှတ်ထုတ်ပေးရန် ထိုင်းနိုင်ငံတွင် စခန်းခြောက်ခုဖွင့်မည်

ထိုင်းနိုင်ငံတွင် ပန်း ရောင်ကတ် ကိုင်ဆောင်ထား သော မြန်မာလုပ်သားများအား ပတ်စ်ပို့နှင့် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CI များကို ထိုင်းနိုင်ငံတစ်ဝန်းစခန်း ခြောက်ခုဖွင့်လှစ်၍ ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံသို့ ‘၀’နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်မည်

‘‘ဒီနေ့အထိ ကျွန်တော်တို့ကို နှုတ်အားဖြင့်အ ကြောင်းပြန်ထားတာက UWSP (‘၀’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ) အထူးဒေသ (၂)နဲ့ မိုင်းလားကလည်း ပင်လုံညီလာခံတက်ရောက်မယ်ဆိုတာ ပြောထားတာ ရှိပါတယ်’’ဟု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက သြဂုတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံရေးမူဘောင်သုံးသပ် အစည်းအဝေး အပြီး၌ ပြောကြားသည်။

တနိုင်းမြို့နယ်ရှိ ပယင်းမှော်လုပ်သားများကို တပ်မတော်က နေရပ်ပြန်ခိုင်း

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် ထန်းဖရားလယ်ကွင်းများရှိ ပယင်းမှော်လုပ်သားများ ကို တပ်မတော်က နေရပ်ပြန်ခိုင်းထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံတွင် အပူလှိုင်းကျရောက်ဖွယ်ရှိ အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထား

သြဂုတ် ၁၂ ရက်(သောကြာနေ့)တွင် တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အများအပြား၌ အပူလှိုင်း ကျရောက်ဖွယ်ရှိခြင်းကြောင့် မိုးလေဝသဌာနက အဝါရောင် အဆင့်ရှိ သတိပေးချက်ကို သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ယနေ့ဆင်ဟွာသတင်း၌ ဖော်ပြသည်။