အမေရိကန်နိုင်ငံကမြန် မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုနှင့် တစ်ဆင့်ခံရင်းနှီးမြှုပ်နှံမှု တို့၌ အမေရိကန်ဒေါ်လာ နှစ် ဘီလီယံကျော်ရှိနေပြီး စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းပါက အမေရိကန်နိုင်ငံ၏ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပိုမို များပြားလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
Pages
▼
16.9.16
အမေရိက၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်လာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်
အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး အရေးယူ ပိတ်ဆို့မှုများ (Sanctions) ကို ဖယ်ရှားပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ထုတ်ပြန် ကြေညာလိုက်သည်။
အေးစက်ခဲ့သည့် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးလျှော့ရောင်းချမှုကြောင့် အရောင်းအ၀ယ်ပြန်ဖြစ်

လွန်ခဲ့သည့် နှစ်နှစ်အတွင်း အရောင်းအ၀ယ် အေးစက်သွားခဲ့သော အိမ်ခြံမြေဈေးကွက်တွင် ငွေလိုသူများမှ ဈေးလျှော့ရောင်းချမှုများ ရှိနေခြင်းကြောင့် တချို့ နေရာများတွင် လတ်တလောကာလအတွင်း အရောင်းအ၀ယ် ပြန်ဖြစ်လျှက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။
ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ အခွင့်အရေးတန်းတူ ပေးမည်ဟုဆို
အရပ်သားအစိုးရလက် ထက်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ် နှံကြမည့်၊ စီးပွားရေးလုပ်ကိုင်မည့် နိုင်ငံသား၊ နိုင်ငံခြားသားလုပ်ငန်း ရှင်များအား အခွင့်အရေးတန်းတူ ပေးရန် စီစဉ်ထားကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။