Pages
(Move to ...)
▼
26.9.16
ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ စွမ်းအားပြည့်လေ့ကျင့်နိုင်ပါမှ ပြည်ပရန် ကာကွယ်နိုင်မည်ဟု တပ်ချုပ်ပြော
ပြည်ပအန္တရာယ်ကာ ကွယ်နိုင်ရန်နှင့် တပ်မတော်အနေ ဖြင့် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် ခန်းများကို စွမ်းအားပြည့်လေ့ကျင့် နိုင်မှသာ အခြားနိုင်ငံတပ်မတော် များနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။
ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်
မြန်မာနိုင်ငံသို့ ပြည် ၀င်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေ လျှော့မှုများ နှစ်ပတ်အတွင်း အ တည်ပြုထုတ်ပြန်နိုင်မည်ဟု အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။
ရန်ကုန်တိုင်းအစိုးရထံသို့ အခွန်ငွေ ၁၅ ရာခိုင်နှုန်းကို ပြည်တွင်းအခွန် ကလွှဲပြောင်းပေး
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းအခွန်များဦး စီးဌာနက ငါးလအတွင်း ကောက်ခံ ရရှိသော အခွန်ရငွေ၏ ၁၅ ရာခိုင် နှုန်း (ကျပ်သန်း ၇၀၀ ကျော်)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့သို့ ပထမဆုံးအကြိမ် လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန်နှင့် တောင်ကိုရီးယားကို လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး
မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် တောင်ကိုရီးယားသို့ အမေရိကန် B1 ဗုံးကြဲလေယာဉ်များ စေလွှတ်မှုကို စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယား စစ်ဘက်က ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း ပိုမိုတင်းကျပ်သည့် ဥပဒေများနှင့် ရင်ဆိုင်လာရသည့် တရုတ်
အငြင်းပွားဖွယ် မြစ်ဆုံဆည်ဖြစ်ရပ် အပြီးတွင် အန္တရာယ်ကြီးသည့် စီမံကိန်းများ လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုမှုများ ပိုမိုလုပ်ဆောင်လျက် ရှိသည်။
ပရိသတ်များ စိတ်ဝင်စားနေသည့် MMA ပြိုင်ပွဲ အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်
မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာသည့် MMA (ဘက်စုံကိုယ်ခံပညာသုံး) အားကစား ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနာမည်ကျော် ကစားသမား အောင်လအန်ဆန်အပါအဝင် ပွဲစဉ်ကိုးပွဲ ပါဝင်မည်ဖြစ်သည်။
ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးမည်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် တည်းခိုနိုင်ရန်အတွက် အခမဲ့တည်းခိုနိုင်သည့်နေရာမ
ျား စီစဉ်ပေးသွားမည်ဖြစ်ကြောင်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
BRT ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာများကို အောက်တိုဘာမှာ ရောင်းချမယ်
ရန်ကုန်မြို့တွင်း BRT Lite ဘတ်စ်ကားများ ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ(Yangon Bus Public
Company) က အစုရှယ်ယာများရောင်းချဖို့ အတွက် ယနေ့မှာ ကြေညာလိုက်ပါတယ်။
အဆိပ်ရှိ ရေနေသတ္တ၀ါ တွေ့ရှိရတာကြောင့် ထိုင်းနိုင်ငံရဲ့ ဖူးခက် ကမ်းခြေတွေမှာ ရေကူးခွင့်ပိတ်ပင်
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ဖူးခက်က
အထင်ကရ ကမ်းခြေသုံးခုမှာဆိုရင် လူသေဆုံးစေတဲ့ Jellyfish ပုံစံတူ အဆိပ်ရှိ ရေနေသတ္တ၀ါတွေ တွေ့ရှိထားတာကြောင့် အားလပ်ရက်ခရီးထွက်လာသူတွေကို ရေကူးခွင့်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။
‹
›
Home
View web version