Pages
(Move to ...)
▼
7.10.16
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ် အထိ ပြန်ကျလာပြီး ရွှေဈေး ကျပ် ၈၆၇၀၀၀ ကျော်အထိ ဆက်လက်ကျဆင်း
အောက်တိုဘာ ၆ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ် အထိ ပြန်ကျလာပြီး ရွှေဈေးလည်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ဆက်လက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်နေသူများထံမှ သိရသည်။
သက်သာသောဈေးနှုန်းဖြင့် အင်တာနက်သုံးစွဲနိုင်ရန်ဆောင်ရွက်လျက်ရှိ
သက်သာသောဈေးနှုန်းဖြင့် အင်တာနက်အသုံးပြုနိုင် အစိုးရက လုပ်ဆောင်နေပြီး ကျေးလက်ဒေသများအထိပါ ရောက်ရှိရန် ဆောင်ရွက်လျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် E-Goverent Conference အခမ်းအနားတွင် ပြောဆိုလိုက်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ချင်းမိုင် ခရီးစဉ်သစ်နှင့် စင်ကာပူခရီးစဉ်ကို တိုးချဲ့ပြေးဆွဲ
မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines -MNA.) မှ ခရီးစဉ်သစ်တစ်ခုဖြစ်သည့် ရန်ကုန်-ချင်းမိုင် -ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်ရှိပြေးဆွဲလျက်ရှိသော ရန်ကုန်- စင်ကာပူ- ရန်ကုန် ခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
ကျပ်သန်းခြောက်ထောင်ကျော် အကုန်အကျခံတည်ဆောက်မည့် ဟုမ္မလင်းနှင့် နမ့်မာလုံရေအားလျှပ်စစ်စီမံကိန်းပြည်သူများအတွက် အကျိုးမရှိသဖြင့် ရပ်ဆိုင်း
ငွေ ကျပ်သန်းခြောက်ထောင်ကျော်အ ကုန်အကျခံတည်ဆောက်မည့် ဟုမ္မ လင်းမြို့နယ် နမ့်မာလုံ အသေးစား ရေအားလျှပ်စစ်စီမံကိန်းအား ကုန် ထားသလောက် ပြန်ရမှာနှင့်မမျှခြင်း၊ ဒေသခံပြည်သူအတွက် အကျိုးမရှိ ခြင်း တို့ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက် မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။
မြောက်ကိုရီးယားနျူကလီးယားလုပ်ငန်းခွင်၌ လှုပ်ရှားလုပ်ကိုင်မှုများကို ဂြိုဟ်တုဓါတ်ပုံများတွင် တွေ့ရ
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်ရာနေရာတွင
် စမ်းသပ်မှုအသစ်လုပ်ဆောင်ရန် သို့မဟုတ်
အလုပ်ဗီဇာမရှိဘဲ လာအလုပ်လုပ်သည့် နိုင်ငံခြားသားများကို ဂုတ်ဆွဲပြီး ရဲလက်အပ်ဖို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော
တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို တွေ့ရှိရပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။
‹
›
Home
View web version