Pages

23.11.16

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းမဟာဗျူဟာသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာမဟာဗျူဟာသစ်အရ စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့
မျှော်လင့်ထားတယ်လို့ ထရီဇာမေက CBI အခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးသောအချက် ပါဝင်

အစိုးရသစ်၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွင် စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ်သိမ်းယူခြင်းမှ အကာအကွယ်ပေးမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။

ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေ တစ်နာရီခန့် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက် နံနက်က တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KIA)အကြား ရင်ဆိုင်တိုက်ပွဲ တစ်နာရီခန့်ဖြစ် ပွားခဲ့ကြောင်း  သတင်းရရှိသည်။ဖားကန့်-ကာမိုင်းလမ်းပေါ် ဂေါ့လူယန်ကျေးရွာနှင့် တံတားညီ နောင်ကျေးရွာအကြား၌ နှစ်ဖက်လှုပ်ရှားတပ်များတွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA တပ် ရင်း (၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တန်ဆန်းကပြောသည်။

နိုင်ငံစီးပွားရေးတည်ငြိမ်ပြီး သင့်လျော်ကာလ ရောက်ချိန်တွင် ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲခြင်း ဆောင်ရွက်မည်

 ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲရိုက်နှိပ်ထုတ်ဝေခြင်း ကို နိုင်ငံတော်စီးပွားရေးတည်ငြိမ် ပြီး သင့်လျော်သည့် ကာလရောက်ချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြော ကြားသည်။

နေပြည်တော်ဝင်ပေါက်၊ ထွက်ပေါက်များကို လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် ဒုသမ္မတဦးမြင့်ဆွေပြော

နေပြည်တော် ၀င်ပေါက်၊ ထွက်ပေါက်များတွင် လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေက (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်

နိုဝင်ဘာ ၂၂ ရက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်သူများထံမှ သိရသည်။

တအာင်းဒေသတွင် ၂၀၁၆ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

၂၀၁၆ ခုနှစ်အတွင်း တအာင်းဒေသ၌ တိုက်ပွဲပေါင်း ၃၀၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ၂၀၁၅ - ၂၀၁၆ ခုနှစ် စစ်ပွဲသုံးသပ်ချက်တွင် ဖော်ပြထားသည်။

လူငယ်ရေးရာ မူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ၀င်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ကိုယ်စားလှယ်များက အစိုးရအား တောင်းဆို

လူငယ်ရေးရာမူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ၀င်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ရေးရာမူဝါဒရေးဆွဲရေး ကော်မတီအနေဖြင့် အစိုးရအား တောင်းဆိုထားကြောင်း လူငယ်ရေးရာမူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင် ကိုသူရစိုးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ကာလီနင်ဂရက်ဒေသ၌ ဒုံးကျည်ဖြန့်ကြက်မည်ဟု ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးပြော

ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသအနီးတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)က စစ်ရေးတည်ဆောက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အက်စ်-၄ဝဝ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သော အစ်ခန်ဒါ ဒုံးကျည်များကို ကာလီနင်ဂရက်ဒေသ၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း အစိုးရလိုလားသော ဝါရင့်အမတ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်မျိုးနွယ် လက်နက်ကိုင်အဖွဲ့များ၏ လော်ဘီများ ပေါ်ပေါ်တင်တင် လှုပ်ရှားနေသည်ကို တရုတ်အစိုးရ မျက်ကွယ်ပြုထားသည်ဟု South China Morning Post ဖော်ပြ


မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် တရုတ်လူမျိုးနှင့် နီးနွယ်သည့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုဖြစ်သော ကိုးကန့် တပ်ဖွဲ့ က အင်တာနက်တွင် ငွေနှင့် အထောက်အကူများ စုစည်းတောင်းခံနေသည်ကို တရုတ်အစိုးရ၏ ဆင်ဆာနှင့် အာဏာပိုင်များက မတားမြစ်ဘဲ လုပ်ခွင့်ပေးထားသည်။