Pages

11.1.17

စတာလင်ပေါင်တန်ဖိုး နှစ်လအတွင်းအနိမ့်ဆုံးထိုးကျ

No automatic alt text available.
ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (အီးယူ)ကနေ လုံးလုံးလျားလျား ထွက်ဖို့ဘက်ကိုပဲ ဦးတည်ထားတယ်လို့ ၀န်ကြီးချုပ် ထရီဇာမေက မှတ်ချက် ထက်စကား ပြောကြားလိုက်တဲ့နောက်ပိုင်း စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာတော့ နှစ်လတာအတွင်း ယင်းရဲ့ အနိမ့်ဆုံးနှုန်းထားကို ထိုးဆင်းသွားခဲ့ပြန်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။


မိမိတို့နိုင်ငံအနေနဲ့ အီးယူအဖွဲ့ဝင်အဖြစ် စိုးစဉ်းမျှ အခြေအနေတစ်ခုကိုတောင်မှ ဆက်လက်ဖက်တွယ်ထားဖို့ မရှိဘူးလို့ ထရီဇာမေကသူမရဲ့နှစ်သစ်ကူး တီဗီအင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ တစ်ခါတစ်ခါကျ လူတွေက ပြောတတ်ကြပါတယ်၊ ကျွန်မတို့ အီးယူကနေဘယ်လိုဘယ်ပုံထွက်မလဲဆိုတာကိုပေါ့၊ တကယ်တမ်းကျတော့ ကျွန်မတို့အနေနဲ့ အီးယူအဖွဲ့ဝင်အဖြစ် ဘယ်လိုပုံမှ ဆက်ရှိနေချင်တာမျိုးမရှိတော့ပါဘူး၊ ကျွန်မတို့ထွက်ပါမယ်၊ အီးယူအဖွဲ့ဝင်အဖြစ်ဆက်ရှိနေတော့မှာမဟုတ်တော့ပါဘူး” လို့ ထရီဇာမေကပြောသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေ ယခု ပြောကြားခဲ့တာကတော့ hard-brexitလို့ခေါ်တဲ့ ပုံစံဖြစ်ပြီး ယင်းအတိုင်းသာဆိုရင် နိုင်ငံအနေနဲ့ ဥရောပရဲ့ single market ထဲကို ၀င်ခွင့်မျိုးကို စွန့်လွှတ်ရတော့မှာဖြစ်ပြီးလုံးလုံးလျားလျား ထွက်ခွာရမှာဖြစ်ပါတယ်။

“ ကျွန်မတို့ ကျွန်မတို့တွေရဲ့ နယ်စပ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်၊ကိုယ့်ဥပဒေနဲ့ကိုယ် ထိန်းချုပ်မှာပါ” လို့ ၀န်ကြီးချုပ် ထရီဇာမေကပြောပါတယ်။

ယင်းပြောကြားချက်နောက်ပိုင်း စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာ၁ ဒသမ ၂၂ ဒေါ်လာထိ ကျဆင်းသွားပြီး ယင်းနှုန်းထားဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်နောက်ပိုင်း အဆိုးရွားဆုံး နှုန်းထားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

စတာလင်ပေါင်တန်ဖိုးကတော့ အီးယူကနေ နှုတ်ထွက်ဖို့ ဗြိတိန်တို့မဲခွဲဆုံးဖြတ်ပြီးကတည်းက ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီးအောက်တိုဘာလမှာတော့ ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည်အဆိုးရွားဆုံးငွေကြေးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal

No comments:

Post a Comment