မြန်မာအပါအ၀င် အာရှဒေသတွင်းနိုင်ငံတွေ စီးပွားရေးအလျင် မြန်ဆုံးနှုန်းနဲ့ တိုးတက်လာတယ်လို့ ကမာ့္ဘဘဏ်ပြော
အာရှဒေသရဲ့ အသေးငယ်ဆုံး စီးပွားရေးနိုင်ငံတွေအနေနဲ့တရုတ်လိုမျိုး အင်အားကြီးနိုင်ငံတွေထက်တောင် ပိုမိုမြန်ဆနတဲ့ နှုန်းထားနဲ့ တိုးတက်ဖွံ့ထွားလာနေပြီဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ရဲ့ စီးပွားရေးတွေဟာ အာရှဒေသမှာ အိန္ဒိယပြီးရင် ယခုနှစ်နဲ့ ၂၀၁၉ အကြား အလျင်မြန်ဆုံးသော နှုန်းထားနဲ့ တိုးတက်ပြန့်ကားလာတော့မှာဖြစ်ပြီးတိုးတက်မှုနှုန်းဟာ ၇ ရာခိုင်နှုန်းနီးပါးထိရှိလိမ့်မယ်ဆိုပြီး ယခုသီတင်းပတ်အတွင်းမှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေထဲမှာတော့ အထက်ပါ စီးပွားရေးနိုင်ငံသုံးနိုင်ငံပေါင်း ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထက်တောင် လျော့နည်းနေပြီးတော့ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို အိမ်နီးချင်းနိုင်ငံတွေရဲ့ သုံးပုံပုံတစ်ပုံလောက်သာရှိနေတာ ဖြစ်ပါတယ်။မဲခေါင်ဒေသမှာ တည်ရှိနေလျက်ရှိတဲ့ အဆိုပါအရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ယင်းတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တွန်းအားပေးလုပ်ဆောင်မှုတွေ တိုးမြင့်လုပ်ဆာင်လာနေကြတယ်လို့လည်းသိရပါတယ်။ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကာလလွန်မြောက်ပြီး တဲ့နောက် မြန်မာနိုင်ငံဟာဆိုရင်လည်း ယင်းရဲ့စီးပွားရေး တိုးတက်မှုအတွက် ဖြေလျော့မှုတွေလုပ်ဆောင်လာခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။Credit To >>> SFJ Strategy First Journal
No comments:
Post a Comment