Pages

25.1.17

ဈေးဆွဲတင်သော်လည်း အချိန်ပိုင်းအတွင်း ဒေါ်လာတန်ဖိုးပြန်ကျဆင်း


ပြင်ပငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကို ငွေကြေးရောင်းဝယ်သူများက ဈေးဆွဲတင်သော်လည်း စင်ကာပူ နိုင်ငံက ငွေလွှဲတန်ဖိုး လျော့ကျ ခြင်းကြောင့် အချိန်ပိုင်းအတွင်း ဒေါ်လာတန်ဖိုး ပြန်လည် ကျဆင်း လာကြောင်း သတင်းရရှိသည်။


ပြင်ပငွေကြေးဈေးကွက် တွင် ဇန်နဝါရီ ၂၄ ရက် နံနက် ဈေးဖွင့်ချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်မှ ညနေပိုင်းတွင် ၁,၃၅၅ ကျပ်သို့ ပြန်လည် ကျဆင်းလာကြောင်း ပြင်ပငွေလဲ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာသည် ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်း ဆက်တိုက် မြင့်တက်လာပြီး ပြင်ပဈေးကွက်၌ ဒေါ်လာဈေးတက်လာချိန်တွင် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း အပြောင်းအလဲမရှိဘဲ တစ် ဒေါ်လာလျှင် ၁,၃၅၀ ကျပ်ဖြင့် တည်ငြိမ်နေသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး တက်လာသကဲ့သို့ ကမ္ဘာ့ ရွှေဈေးမှာလည်း ဆက်တိုက်မြင့် တက်လာသည်။ ဇန်နဝါရီ ၂၀ ရက်က တစ်အောင်စလျှင် ၁,၂၀၇ ဒေါ်လာဈေးရှိသော ကမ္ဘာ့ရွှေဈေး သည် ဇန်နဝါရီ ၂၄ ရက်တွင် ၁,၂၁၆ ဒေါ်လာအထိ မြင့်တက် လာသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းကြောင့် ပြည်တွင်းရွှေဈေး သည် တစ်ကျပ်သားလျှင် ၈၇၀,၀၀၀ ကျပ်မှ ၈၇၆,၀၀၀ ကျပ်အထိ မြင့်တက်လာသည်။

Credit To >>> 7 Day Daily

No comments:

Post a Comment