Pages

9.1.17

လိုင်ဖောင်ဝန်းကျင်ရှိ ကေအိုင်အေစခန်းလေးခုကို သိမ်းပိုက်ရရှိကြောင်း တပ်မတော် ထုတ်ပြန်

လိုင်ဖောင်စခန်း ၀န်း ကျင်ရှိ ကေအိုင်အေစခန်း လေးခု ကို လက်နက်ကြီး ပစ်ကူများဖြင့် ဇန်န၀ါရီ ၈ ရက်က သိမ်းပိုက်ရရှိခဲ့ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။


ကေအိုင်အေ လိုင်ဖောင်စ ခန်းကို တပ်မတော်က သိမ်းပိုက်ခဲ့ပြီး နှစ်ပတ်မပြည့်မီတွင် ပတ်ဝန်းကျင်စခန်းငယ် လေးခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ဒီဇင်ဘာ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် အတွင်းရှိ KIA အဖွဲ့၏ ပွိုင့် ၇၆၈ (KIA အခေါ် လိုင်ဖောင်) စခန်းအပါအ၀င် စခန်းခုနစ်ခုကို တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ပွိုင့် ၇၆၈ စခန်း၏ အရှေ့တောင်ဘက် မီတာ ၅,၅၀၀ အကွာ၊ ဖောတောဒေသအနီးရှိ KIA အဖွဲ့ ခေတ္တအခြေပြုထားသည့် စခန်းများကို ဇန်န၀ါရီ ၈ ရက် နံနက်ပိုင်းမှစတင်၍ အမြောက်နှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက်ခဲ့ရာ စုစုပေါင်း စခန်းလေးခုကို ထပ်မံသိမ်းပိုက်ရ ရှိခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ယမန်နေ့ကသတင်းထုတ်ပြန်သည်။

တပ်မတော်၏သတင်းထုတ် ပြန်ချက်တွင် ကေအိုင်အေ အ ကြမ်းဖက်သောင်းကျန်းသူများဟု ဖော်ပြထားသည်။ တိုက်ပွဲဖြစ်စဉ် များအတွင်း ကေအိုင်အေအဖွဲ့မှ အလောင်းခုနစ်လောင်း၊ ၆၀ မမစိန်ပြောင်း သုံးလက်၊ ၄၀ မမ ဒုံးပစ်လောင်ချာ တစ်လက်၊ အမ် ၂၁ သေနတ် တစ်လက်အပါအ၀င် ခဲ ယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ ကျဆုံး/ဒဏ်ရာရရှိ မှုအနည်းငယ်ရှိခဲ့ကြောင်းနှင့်တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိုင်ဖောင်စခန်း ၀န်းကျင် တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ ခြင်းကြောင့် စစ်ဘေးဒုက္ခသည် များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။

တပ်မတော်ဘက်မှ တပ်မ ၁၀၁ လက်အောက်စစ်ကြောင်း များနှင့် ကေအိုင်အေတပ်မဟာ ၅တို့ လိုင်ဖောင်စခန်း အရှေ့ဘက် ငါးကီလိုမီတာခန့်အကွာ ဖောင်း ဒေါဒေသတွင် ဇန်န၀ါရီ ၈ ရက် နံနက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။ ဇန်န၀ါရီ ၈ ရက် ညနေ ၄ နာရီကျော်အထိ ပစ်ခတ်မှုများဖြစ်ပွားနေပြီး တပ်မတော်က လေကြောင်းကို အသုံးပြုခဲ့ကြောင်း ကေအိုင်အေ ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောသော်လည်း သီးခြားအတည်ပြုချက်မရှိခဲ့ပေ။

‘‘လေယာဉ်နဲ့ လေးကြိမ်လာ ပစ်တယ်။ ညနေ ၄ နာရီ ၁၅ မိနစ် အထိ ပစ်တုန်းပဲ’’ဟု ကေအိုင်အေ ဗိုလ်မှူးချုပ်အဆင့် တာဝန်ရှိသူ က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်း ပိုင်းက ကေအိုင်အေ လိုင်ဖောင် စခန်းကို တပ်မတော်က သိမ်းပိုက် ပြီး သတင်းထုတ်ပြန်ရာတွင် အ ဆိုပါ လိုင်ဖောင်စခန်းသည် ကေ အိုင်အို ဗဟိုဌာနချုပ် လိုင်ဇာ၊လိုင်စင်နှင့် မိုင်တိုင်(၆)ဘက်ရှိ စခန်းများ ဆက်သွယ်ရေးအတွက်လုံခြုံရေး၊ မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်များကို ခြိမ်းခြောက်ရေးအတွက် ဆောင်ရွက်သည့် စခန်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများပြင်းထန်စွာ ပြန် လည်ဖြစ်ပွားလာ၍ စစ်ဘေးဒုက္ခ သည်များ စိုးရိမ်ပူပန်နေကြောင်း ဒေသတွင်း ကူညီစောင့်ရှောက်ရေးအသင်းအဖွဲ့များကဆိုသည်။

Credit To >>> 7 Day Daily

No comments:

Post a Comment