
''မြန်မာပြည်က သယ်လာတဲ့ ရုပ်သေးစင်ကကြီးတော့ ဟိုတယ်ကိုမသယ်ဘဲ ခန်းမမှာပဲထား။ ထက်ထက်ကိုယ်တိုင် တစ်ခါမှ မတပ်ဖူးဘူး။ National Costume မှာ ရုပ်သေးစင် တပ်ဆင်တာ ၂ နာရီကျော်ကြာတယ်။ ထက်ထက် တစ်ယောက်တည်း မူလီတွေတပ်နေတာက မပြီးနိုင်။ ဒီကြားထဲ ပွဲကတာဝန်ရှိသူတွေက လေးလို့ စင်ပေါ်ပေးမသယ်ဘူး။ သစ်ပင်နဲ့ လူပဲတက်။ စင်ထားခဲ့ပေါ့။ ရတယ် သူနိုင်တယ်လို့ ထက်ထက်က အတင်းသယ်မယ်ပေါ့။ သူတို့ထဲက ဒေးဗစ်ဆိုတဲ့ သူက သဘောကောင်းတယ်။ ထက်ထက်ကိုခွင့်ပြုတယ်။ အဲဒီအထဲက လူတချို့က မူလီတွေ ကူတပ်ပေးတယ်။ ပွဲချိန်က အစီအစဉ်ပြောင်းသွားတော့ မိတ်ကပ်လိမ်းဖို့ အချိန်မရ။ ၁၅ မိနစ်လောက်ပဲ အချိန်ရတော့ ပေါင်ဒါတွေလူး ဆံထုံးက ညနေခင်းဝတ်စုံတုန်းကဟာက အနောက်တိုင်းပုံစံ။ မြန်မာဆံထုံးတော့ မတပ်လို့မဖြစ်။ ဒါနဲ့လက်ထဲက ကိုင်သွား။
ပွဲတာဝန်ရှိသူက မယူခိုင်း။ ဒါနဲ့ sorry ပါ။ သူယူသွားပြီဆိုပြီး အပြေးသွား။ ဒါနဲ့ စင်ပေါ်တက်တော့ ကတိုက်ကရိုက်နဲ့ ရုပ်သေးစင်ကို ဝိုင်းပြီးမကြ။ လက်မှာတပ်ရမယ့် ကြိုးတွေကို တစ်ယောက်က ယူထား။ ဒါတပ်ရမှာဆိုပြီး ထက်ထက်က ပြန်ယူ။ ပိတ်ကားကိုဖွင့်ဖို့ လက်ကမမီ။ ဒါနဲ့စင်ပေါ်ရောက်တော့ လေးလို့ ရှေ့မတက်ခိုင်း။ စကတော့ ထက်ထက်စိတ်ပူတာက ရုပ်သေးလိုမဖြစ်ဘဲ ရိုးရိုးအကလိုဖြစ်မှာစိုးတယ်။ သူကတယ်။ ပြီးတော့ မြန်မာလို့ အောက်ကအချက်ပြတော့မှ သူရပ်လိုက် တယ်။ မြန်မာတွေအားပေးတဲ့ နေရာသာမက တခြားနေရာများကပါ မြန်မာဆိုပြီး ဝိုင်းအားပေးကြတယ်။ ထက်ထက် သိပ်ပျော်သွားတယ်။ ဒါနဲ့ စင်ကိုပြန်သယ်။ စတိတ်စင်နောက်မှာ ကျေးဇူးတင်ပါတယ်လို့ ပြောပြီးချိန် စင်ကိုကူသယ်ပေးတဲ့ သူတစ်ယောက်က ထက်ထက်ထဘီစကို တက်နင်းတယ်။ ဖိနပ်မဟုတ်ဘဲ ခြေအိတ်ပဲဝတ်ထားတော့ ချော်လဲတယ်။
တခြားအလှမယ်တွေကပါ National Costume ကို မြန်မာကိုပေးတယ်ဆိုပြီး အားပေးကြတယ်။ လုံခြုံရေးတွေကအစ ပွဲတာဝန်ရှိသူတွေအဆုံး ထက်ထက်ကို မြန်မာဆိုပြီး အားပေးကြတယ်။ ထက်ထက် အလွန်ပျော်တယ်။ နောက်ဆုံးနေ့ အတွက် ခွန်အားတစ်ခုရထားပါတယ်''ဟု အလှမယ်က ပြောပြသည်။
ညွန့်ဇော်အောင်(မြဝတီ)
Credit To >>> Myanmaalinn
No comments:
Post a Comment