Pages

13.1.17

ငွေကြေးဝန်ဆောင်မှု အသစ်များ ဆောင်ရွက်ရန် ကမ္ဘောဇဘဏ်နှင့် VISA တို့ပူးပေါင်းဆောင်ရွက်မည်

ကမ္ဘောဇဘဏ် ကုမ္ပဏီအုပ်စု၊ ကမ္ဘောဇဘဏ်နှင့် ထိပ်တန်း ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီဖြစ်သည့် VISA လုပ်ငန်းစုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ဆန်းသစ်သော ငွေကြေးဝန်ဆောင်မှုများ ပေးရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ကုမ္ပဏီမှ သိရသည်။

နိုင်ငံတကာ ကတ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ပြည်တွင်းပြည်ပ ၀န်ဆောင်မှု ပေးနိုင်ရန်အတွက် ဇန်န၀ါရီ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာနိုင်ငံအတွက် တရားဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။


ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မျိုးက “အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံအနှံ့ဘဏ်ခွဲများစွာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပုဂ္ဂလိက ဘဏ်ကြီးနဲ့ ကမ္ဘာ့အကြီးမားဆုံး အီလက်ထရွန်နစ် ငွေပေးချေရေး ကွန်ရက်ဖြစ်တဲ့ VISA ရဲ့အင်အားတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံအတွက် အဆင့်မြင့်မားသော ၀န်ဆောင်မှုတွေနဲ့ ကမ္ဘာအဆင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ပေါ်ပေါက်လာစေဖို့ပဲ ဖြစ်ပါတယ်” ဟုပြောကြားသည်။

VISA ၏ မြန်မာနိုင်ငံ ကိုယ်စားပြု Country Manager Arturo Planell ကလည်း “မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအတွက် ယုံကြည်စိတ်ချမှုလည်းရှိ၊ အသုံးပြုရတာလည်း လွယ်ကူတဲ့အပြင် တစ်ကမ္ဘာလုံးမှာ လက်ခံသုံးစွဲနေတဲ့ အီလက်ထရွန်နစ် ငွေပေးချေမှု နည်းပညာတွေကို ပြည်တွင်းပြည်ပမှာ အသုံးပြုနိုင်စေမယ့် အခွင့်အလမ်းတွေကို ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီဝန်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ ငွေစက္ကူကိုအခြေခံတဲ့ စီးပွားရေးမှ ဒစ်ဂျစ်တယ် စီးပွားရေးဆီသို့ အလျင်အမြန် ပြောင်းလဲနိုင်ဖို့နဲ့ မြန်မာနိုင်ငံတော် အစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်တွေကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ကမ္ဘာတစ်ဝန်းမှ VISA ကွန်ရက်အတွင်းရှိ အရောင်းဆိုင်ပေါင်း သန်း ၃၀ နှင့် မြန်မာနိုင်ငံ အတွင်းရှိ အရောင်းဆိုင်ပေါင်း ၃၅၀၀ ကျော်တွင် ငွေပေးချေမှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ နိုင်ငံတကာ ကတ်များနှင့် ငွေထုတ်ယူပါက မြန်မာကျပ်ငွေဖြင့် ထုတ်ယူနိုင်မည်ဖြစ်ပြီး ကတ်ကိုင်ဆောင်သူများ အနေဖြင့် ငွေလဲနှုန်းနှင့် ပတ်သက်၍ စိုးရိမ်မှု တစ်စုံတစ်ရာ မရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

No comments:

Post a Comment