
ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေး သည် တစ်ကျပ်သားလျှင် ကျပ် ၈၈၀,၀၀၀ ကျော် ပေါက်ဈေးရှိ ကြောင်း ပြည်တွင်းရွှေဈေးကွက် မှ သတင်းရရှိသည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် ဇန်နဝါရီ ၃၁ ရက်က တစ် ကျပ်သားလျှင် ကျပ် ၈၇၀,၀၀၀ ကျော် ပေါက်ဈေးရှိသော်လည်း ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၈၈၁,၀၀၀ အထိ ဈေးပေါက်ခဲ့ သည်။
‘‘ကမ္ဘာ့ရွှေဈေးက တစ် အောင်စကို ဒေါ်လာ ၁,၂၂၀ ကျော်အထိ အမြင့်ဈေးမှာ ရှိနေ တော့ ဈေးပြန်တက်လာတာ’’ဟု အောင်သမာဓိ ရွှေဆိုင် အထွေထွေမန်နေဂျာက ပြောသည်။
ထိုသို့ ဈေးမြင့်တက်လာခြင်း ကြောင့် ရွှေထည်လက်ဝတ်ရတ နာဝယ်ယူမှု အနည်းငယ်လျော့ကျ သွားကြောင်း ပြည်တွင်းရွှေဆိုင် များမှ တာဝန်ရှိသူများက ပြော ကြားသည်။
‘‘ရွှေဈေးက အခု ပွင့်လင်းရာသီရောက်တော့ တဖြည်းဖြည်း ပြန်တက်လာတယ်။ ဒါပေမဲ့ ဝယ် သူတွေကတော့ ၈၈၀,၀၀၀ ကျော် သွားကတည်းက နည်းနည်းလျော့ သွားတယ်’’ဟု ရန်ကုန်မြို့မှ ရွှေ ဆိုင်မန်နေဂျာ တစ်ဦးက ပြော ကြားသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာ သော်လည်း ပြည်တွင်းငွေလဲနှုန်း သည် အမေရိကန် တစ်ဒေါ်လာ လျှင် ၁,၃၅၉ ကျပ်မှ ၁,၃၅၄ ကျပ် အထိ ဖေဖော်ဝါရီအတွင်း ပြန် လည်ကျဆင်းခဲ့သည်။
ပြည်တွင်း အခေါက်ရွှေဈေး သည် ဇန်နဝါရီ ၂၉ ရက်ကစ၍ တစ်ပတ်အတွင်း ၂၀,၀၀၀ ကျပ် ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၇၇,၀၀၀ အထိ အမြင့်ဆုံး ပေါက်ဈေးရှိခဲ့ပြီး ရွှေဈေးအတက် အကျမှာ ကျပ် ၃၀,၀၀၀ နှင့် ၄၀,၀၀၀ ကြားရှိခဲ့သည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် ၂၀၁၆ အတွင်း အမြင့်ဆုံး ဈေးဖြင့် စံချိန်တင်ခဲ့ပြီး အခေါက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။
Credit To >>> 7 Day Daily
No comments:
Post a Comment