Pages
(Move to ...)
▼
11.1.17
ဒေါ်လာဈေး ကျပ် ၁၃၇၀ ခန့်အထိ မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်သို့ ပြန်ဆင်း
ဇန်န၀ါရီ ၉ ရက်အတွင်း ကျပ် ၁၀ ဂဏန်း ခုန်တက်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၁၃၇၀ ခန့်အထိ မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်ပုန်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၊ ဇယန်းကြီးရွာမြောက်ဘက် ငါးမိုင်ခန့်အကွာတွင် တပ်မတော်နှင့် TNLA ပလောင်တပ်ဖွဲ့တို့သည် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သဖြင့် ဇယန်းကြီးရွာအနီး အနားမှ ဒေသခံပြည်သူများ နမ့်ဆန်မြို့ဒေသ ဦးစီးရုံးသို့ သွားရောက်ခိုလှုံနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
စတာလင်ပေါင်တန်ဖိုး နှစ်လအတွင်းအနိမ့်ဆုံးထိုးကျ
ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (အီးယူ)ကနေ လုံးလုံးလျားလျား
ထွက်ဖို့ဘက်ကိုပဲ ဦးတည်ထားတယ်လို့ ၀န်ကြီးချုပ် ထရီဇာမေက မှတ်ချက် ထက်စကား ပြောကြားလိုက်တဲ့နောက်ပိုင်
း စတာလင်ပေါင်ငွေကြေးတန်ဖိုးဟာတော့ နှစ်လတာအတွင်း ယင်းရဲ့ အနိမ့်ဆုံးနှုန်းထားကို ထိုးဆင်းသွားခဲ့ပြန်တယ်လို့
သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရန် ကြန့်ကြာဦးမည်ဟု ရွှေအသင်းဆို
ရွှေဗဟိုဈေးကွက်ဖြစ် ပေါ်လာရန် ရွှေလုပ်ငန်းရှင်များက အဆင်သင့်ဖြစ်နေသော်လည်း အစိုးရဘက်က အကူအညီမပေး နိုင်၍ ဖွင့်လှစ်ရန် ကြန့်ကြာနေ ဦးမည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်ကပြောသည်။
မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာအစိုးရ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ အကြောင်းကြားထား
မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန်အတွက် မလေးရှားနိုင်ငံ အစိုးရအနေဖြင့် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ ဇန်န၀ါရီ ၅ ရက်က အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Ministry of Foreign Affairs Myanmar မှ သတင်းထုတ်ပြန်ထားသည်။
ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် အများပိုင်ယာဉ်လိုင်း စနစ်၌ ယခင် ကားတစ်ဆင့်သာ စီးရသည့် အခြေအနေမှ ယခု နှစ်ဆင့် သုံးဆင့် စီးရမည့် ခရီးစဉ်များအပေါ် လွှတ်တော်ကိုယ်စားလှယ် အချို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့အား တင်ပြ
ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင်ယာဉ်လိုင်း စနစ်တွင် ယခင် ကားတစ်ဆင့်သာ စီးရသည့် အခြေအနေမှ ယခု နှစ်ဆင့် သုံးဆင့် စီးရမည့် ခရီးစဉ်များ အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
‹
›
Home
View web version