Pages
(Move to ...)
▼
17.1.17
ယာဉ်လိုင်းစနစ်သစ်စတင်သည့်နေ့တွင် ရထားစီးသူ ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်
ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်လိုင်းသစ်များ စတင်ပြောင်းလဲပြေးဆွဲသည့် ပထမဆုံးနေ့၌ ရထားစီးခရီးသည် များ ၂၅ ရာခိုင်နှုန်းခန့်မြင့်တက် ခဲ့ကြောင်း မြန်မာ့မီးရထားမှ သ တင်းရရှိသည်။
အီရန်နှင့် နျူကလီးယား သဘောတူညီမှုကို မပစ်ပယ်ရန် ထရမ့်အား အိုဘားမား သတိပေး
အီရန်နှင့် နျူကလီးယား သဘောတူညီမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုရာတွင် ယင်းသဘောတူညီမှုက အရေးပါသည့် ရလဒ်တစ်ခုဖြစ်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လုံ့လဖြင့် ပေါ်ပေါက်ခဲ့သော သဘောတူညီမှုဖြစ်၍ ဆန့်ကျင်မှု မပြုရန် သတိပေးပြောဆိုသည်။
အဆင်းရဲဆုံး ကမ္ဘာ့လူဦးရေ ထက်ဝက်၏ ပိုင်ဆိုင်မှုနှင့် ညီမျှသော ဥစ္စာဓနကို လူရှစ်ဦးက ပိုင်ဆိုင်ထား
ကမ္ဘာတွင် လူရှစ်ဦးသည် အဆင်းရဲဆုံး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်က ပိုင်ဆိုင်သော ဥစ္စာဓနနှင့် ညီမျှသည့် ကြွယ်ဝမှုကို ပိုင်ဆိုင်ထားကြောင်း အများအကျိုးပြု လုပ်ငန်းအဖွဲ့ Oxfam က ဒါဗိုးစ်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့်ရှိ အဆိုပြုလွှာ ၇၀ ခန့် MIC သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက် ကျော်လွန်နိုင်
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်ရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့် တန်ဖိုးရှိ အဆိုပြုလွှာ ၇၀ ခန့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက်ထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိ
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ဇန်န၀ါရီ ၁၆ ရက်တွင် ပြောကြားသည်။
စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ၏ အမှတ်တံဆိပ်ကို Mytel ဟု အမည်ပေးထားပြီး ဒေါ်လာနှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည်ဟု သိရ
စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအတွက် အမှတ်တံဆိပ်ကို Mytel ဟု အမည်ပေးထားပြီး MNTC (Myanmar National Tele & Communications Co., Ltd) အနေဖြင့် ဒေါ်လာနှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၄ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် MNTC ၏ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။ MNTC အနေဖြင့် ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်တွင် ဆက်သွယ်ရေးလိုင်စင် ရယူခဲ့ပြီး ပထမဆုံးသော သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၁၄ ရက်က ရန်ကုန်မြို့ရှိ Melia Yangon ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
လေယာဉ်ခနှုန်းထားများနှင့် ဟိုတယ်ငှားရမ်းခကြီးမြင့်မှုများက နိုင်ငံတကာဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်
ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များက စိတ်ဝင်တစားလာရောက်လည်ပတ်မှုများ တိုးတက်လာသော်လည်း လေယာဉ်ခဈေးနှုန်းနှင့် ဟိုတယ်ငှားရမ်းခကြီးမြင့်နေမှုများက နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေကြောင်း မန္တလေးအခြေစိုက် Tour Mandalay ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်က ပြောကြားသည်။
‹
›
Home
View web version