
လာမယ့် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်မယ်ဆိုတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်တဲ့ ဖိအားတွေ လျော့နည်းသွားဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့တဲ့ ဒီရက်သတ္တပတ်မှာ တစ်နှစ်ထက်တစ်နှစ် လိုငွေမြင့်တက်လာတဲ့ ဘတ်ဂျက်တောင်းခံမှုအဖြစ် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရသုံးငွေစာရင်းတွေလည်း လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။