Pages

29.3.13

ထိပ်တန်း ကစားသမား ခေါ်ရန် အသင်းအား ဗန်ဒါဗတ် တိုက်တွန်း

ဟမ်းဘတ် အသင်း ကစားသမား ဗန်ဒါဗတ်က မိမိတို့ အသင်းသည် နာမည်ကြီး ကစားသမား များ ခေါ်ယူသင့်ကြောင်း အသင်းအား တိုက်တွန်းခဲ့သည်။ ဟမ်းဘတ် အသင်း အနေဖြင့် ဂျာမန် ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းနှင့် ယှဉ်ပြိုင် နိုင်ရန်နှင့် ဥရောပ ပြိုင်ပွဲ ၀င်ခွင့်ရရှိရန် အတွက် ထိပ်တန်း ကစားသမားများ လိုအပ်သည်ဟု ဗန်ဒါဗတ်က ပြောခဲ့ခြင်း ဖြစ်သည်။ သူက ဘိုင်ယန် အသင်းမှ ရော်ဘင်နှင့် ရီဘာရီတို့လို ကစားသမားများသည် အသင်းအတွက် ရလဒ် ပြောင်းလဲ ပေးနိုင်သည့် ကစားသမားများ ဖြစ်ပြီး ထိုကဲ့သို့ ကစားသမားမျိုး ခေါ်ယူ သင့်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဗန်ဒါဗတ်က မိမိတို့ အသင်းသည် ဥရောပ ပြိုင်ပွဲများမှာ ပါဝင်လိုနေပြီး ထို့အတွက် အသင်း၏ လိုအပ် ချက်များအား ပြောပြရန် စိုးရိမ်နေမှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အသင်းမှ လူငယ် ကစားသမား ဟောင်ဗင်ဆန်အား အသင်းမပြောင်းဘဲ ဟမ်းဘတ် အသင်းမှာ ဆက်လက် အတွေ့အကြုံ ယူရန် သူက အကြံပေးခဲ့သည်။

No comments:

Post a Comment