အီတလီသား တိုက်စစ်မှူးကြီး တော့တီက ကမ္ဘာ့ဘောလုံး လောကတွင် သူ့ထက် တော်သည်မှာ မက်ဆီ တစ်ယောက်သာ ရှိကြောင်း ပြောဆိုလိုက်သည်။ ရိုးမား တိုက်စစ်မှူး ကြီးလည်း ဖြစ်ခဲ့သူ တော့တီက လက်ရှိ မီလန် တိုက်စစ်မှူး ဘာလိုတယ်လီ
မှာ
မိမိတို့၏ ခြေစွမ်းမျိုးကို မီရန်မှာ လိုနေသေးကြောင်း၊ မိမိကဲ့သို့ပင်
အသင်းအတွက်နှင့် ခြေစွမ်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်သူမှာ
ဘာစီလိုနာနှင့် အာဂျင်တီးနား စတား မက်ဆီသာ ဖြစ်ကြောင်း၊ မိမိကဲ့သို့
အစွမ်းပြနိုင်သူမျိုး မတွေ့သေးကြောင်း အီတလီ ဘောလုံး လောကတွင် မိမိထက်သာသူ
မရှိကြောင်း၊ နည်းပြ အနေနှင့် ဆိုလျှင် မာဆယ်လို လစ်ပီသည် အကောင်းဆုံး
ဖြစ်ကြောင်း၊ ကာပယ်လို၊ စပါလက်တီတို့သည်လည်း ထူးချွန်သော နည်းပြများ
ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ ၃၆ နှစ်ရှိပြီဖြစ်သော လစ်ပီမှာ အီတလီ
လက်ရွေးစင် အသင်းတွင် ကစားလိုသေးသည်ဟု မကြာခင်ကမှ ပြောဆိုထားခဲ့သူဖြစ်သည်။
No comments:
Post a Comment