Pages

21.6.13

ကမ္ဘာကျော် Unilever ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်းတို့၏ လူသုံးကုန်များ ထုတ်လုပ်ရန် ပထမဆုံး စက်ရုံကို ရှေ့လတွင် ဖွင့်လှစ်မည်

ကမ္ဘာကျော် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် Unilever ကုမ္ပဏီက ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၆၆၇ သန်း ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အရ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံကို လာမည့်လတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။အဆိုပါစက်ရုံမှ လုပ်ငန်းများကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လုပ်ငန်းများ လည်ပတ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။ 

၎င်းတို့က လာမည့် ၁၀ နှစ်အတွင်း ကြီးထွားလာမည့် မြန်မာ့လူသုံးကုန် ဈေးကွက်တွင် ထိပ်တန်းအဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒုတိယမြောက် စက်ရုံကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရန် လျာထားသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။လတ်တလော အချိန်တွင် ၀န်ထမ်း ၁၅၀ ခန့်ဖြင့် စတင်သွားမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ၀န်ထမ်း ၁၀၀ ခန့် ထပ်မံခန့်သွားရန် ရှိနေသည်ဟု ဆိုသည်။
Ref: EMG

No comments:

Post a Comment