စစ်ကိုင်းမြို့နယ်အတွင်း စိုက်ပျိုးမှုများသော တရုတ်ဆီးသီး ထွက်နှုန်း
နည်းပါးသွားသော်လည်း ဈေးကွက်အတွင်းသို့ ထိုင်ဝမ်သီးများ
ဝင်ရောက်လာခြင်းကြောင့် ဈေးကျဆင်း သွားကြောင်း စစ်ကိုင်းမြို့ တရုတ်ဆီးသီး
ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
“အရင် တစ်ပိဿာ ၃၅၀၀ ရောင်းရတာကနေ ဒီရက်ပိုင်း တစ်ပိဿာ ၃၀၀၀ ဖြစ်သွားတယ်”
ဟု စစ်ကိုင်းမြို့ပေါ်တွင် တရုတ်ဆီးသီး လက်လီ ရောင်းချနေသူ တစ်ဦးက ဆိုသည်။
စစ်ကိုင်းမြို့နယ်အတွင်း တရုတ် ဆီးသီး ခြံနှင့် စိုက်ပျိုးမှု
အနည်းငယ်သာရှိပြီး ကိုယ်ပိုင် အိမ်ခြံဝင်းများ တွင်သာ စိုက်ပျိုးမှု
အများဆုံးဖြစ်ကြောင်း တရုတ် သစ်သီး ဈေးကွက်သို့ တင်ပို့မှုမရှိဘဲ ပြည်တွင်း
သစ်သီး ဈေးကွက်အတွင်း၌သာ ရောင်းချကြောင်း စစ်ကိုင်းမြို့ တရုတ်ဆီးသီး
စိုက်ပျိုးသည့် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
စစ်ကိုင်းဒေသထွက် တရုတ် ဆီးသီးသည် ဇူလိုင်လကုန်တွင် လက်ကျန် အနည်းငယ်သာ
ရှိနေကြောင်း၊ ပြင်ဦးလွင်မှ ထွက်သည့် တရုတ် ဆီးသီး (ထိုင်ဝမ်သီး) များ
ယခုရက်ပိုင်း မန္တလေးနှင့် စစ်ကိုင်း ဈေးကွက်သို့ ဝင်ရောက်လာခြင်းကြောင့်
ယခုကဲ့သို့ ဈေးကျဆင်းသွားခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ရှိ တရုတ်ဆီးသီး
ရောင်းချသူများထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
No comments:
Post a Comment