နား ၊နှာခေါင်း ၊လည်ချောင်းဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲကျင်းပ
စင်ကာပူ အမျိုးသား တက္ကသိုလ် ဆေးရုံကြီး ( NUH ) နှင့် ၄င်း၏
မြန်မာပြည်ကိုယ်စားလှယ် ဖြစ်သော Care Forever ကုမ္ပဏီလီမိတက်တို့
ပူးပေါင်းပြုလုပ်သော နား ၊နှာခေါင်း ၊လည်ချောင်းဆိုင်ရာ ကျန်းမာရေး
ဟောပြောပွဲကို Park Royal ဟိုတယ် တွင် နေ့လည် ၂ နာရီတွင်
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးခေါင်း နှင့် လည်ပင်းဆိုင်ရာ ကင်ဆာ ရောဂါများ အကြောင်း
နှင့် အတွင်းနားထည့်သွင်း အကြားအာရုံခံ ကိရိယာ အကြောင်း တို့ကို NUH
ဆေးရုံကြီးမှ နား ၊ နှာခေါင်း ၊လည်ချောင်း အထူးကု ဆရာဝန်ကြီးများက
ဟောပြောခဲ့သည်။
စင်ကာပူသို့ သွားရောက်ဆေးကုသ လိုသူများအနေဖြင့် စင်ကာပူအမျိုးသား တက္ကသိုလ် ဆေးရုံကြီး၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သည့် Care Forever ကုမ္ပဏီလီမိတက် ဖုန်း - 09 5166240 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
မြတ်စုငြိမ်း
Popular Myanmar News Journal
No comments:
Post a Comment