Business Air လေကြောင်းလိုင်းသစ် ဘန်ကောက်သို့ စတင် ပြေးဆွဲမည်
Business Air လေကြောင်းလိုင်းအသစ်မှ လာမည့် သြဂုတ်လအတွင်း ရန်ကုန်မှ
ဘန်ကောက်သို့ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်း
လိုင်းအသစ် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီခွဲတွင်
ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
လေကြောင်းလိုင်းသစ်မှာ ရန်ကုန်-ဘန်ကောက် သို့ နေ့စဉ်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး
တစ်ရက်လျှင် ၂ ကြောင်း ပြေးဆွဲပေးမည်ဟု Business Air (ရန်ကုန်) မှ အထွေထွေ
မန်နေဂျာ ဦးဝင်းသိန်းနိုင်က ပြောသည်။ ထို့ပြင် ¤င်းလေကြောင်းလိုင်းမှာ
ရန်ကုန်-ဘန်ကောက် သာမက ကိုရီးယား၊ ဂျပန်နှင့် ဆော်ဒီနိုင်ငံများကိုပါ
ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal
No comments:
Post a Comment