ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းအနီးရှိ နိုင်ငံတကာ လေပိုင်နက် အတွင်းသို့
တရုတ်စစ်ဘက် လေယာဉ် တစ်စင်းဇူလိုင် ၂၄ ရက်တွင် ဝင်ရောက် ပျံသန်း
ခဲ့ပြီးနောက် ဂျပန်တိုက်လေယာဉ်များ အရေးပေါ် ပျံတက် ခဲ့ရကြောင်း ဂျပန်
ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
တရုတ်စစ်ဘက်မှ အချက်ပေး လေယာဉ်တစ်စင်းသည် ပစိဖိတ် သမုဒ္ဒရာ ဆီသို့ ဦးတည်
နေသည့် အိုကီနာဝါကျွန်းနှင့် မီယာကို ကျွန်းငယ်လေး နှစ် ခုကြားရှိ
လေပိုင်နက် အတွင်းသို့ ဖြတ်ကျော် ပျံသန်းခဲ့ပြီးနောက် တရုတ်နိုင်ငံ ဘက်သို့
ပြန်လှည့်သည့် အချိန်တွင်လည်း ၎င်း ကျွန်းနှစ်ကျွန်း ပေါ်ကို
ထပ်မံဖြတ်သန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး အိဆူ ဒိုရီအိုနိုဒဲရာက
သတင်းထောက်များ အား ပြောကြားခဲ့သည်။
ပစိဖိတ် သမုဒ္ဒရာသို့
ဝင်ရောက်ရန် ၎င်းကျွန်းနှစ်ကျွန်း ကြားသို့ တရုတ်စစ် သင်္ဘောများ မကြာခဏ
ခုတ်မောင်း သွားလာလေ့ ရှိသော်လည်း ယခုကဲ့သို့ တရုတ် စစ်လေယာဉ်
တစ်စင်းပျံသန်းခြင်းသည် ပထမဆုံးအကြိမ် ဖြစ် .ကြောင်း အိုနိုဒဲရာက
ပြောကြားခဲ့သည်။ တရုတ်နှင့် ဂျပန်နှစ်နိုင်ငံကြား ကျွန်းပိုင်နက်
အငြင်းပွားမှုများ ကာလကြာရှည် စွာ ဖြစ်ပေါ်နေစဉ် အတွင်း အဆိုပါ ဖြစ်ရပ်ဖြစ်
ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment