နယူးကာဆယ်လ်မြို့သည် ချယ်ရီ၏ မွေးရပ်ဇာတိဖြစ်ပြီး ယခုအစီအစဉ်တွင် ဆရာ၊
ဆရာမများက အကူအညီ တောင်းခံသည်ကို ချယ်ရီက ဝမ်းသာအားရ လိုက်လျောကာ
ကလေးငယ်များကို ကြိုတင် အသိမပေးဘဲ လာရောက် ကူညီသွားခြင်း ဖြစ်သည်
ချယ်ရီကိုးလ်သည် ဗြိတိသျှ ကလေးငယ် အချို့အား ၎င်းတို့ မမျှော်လင့်ထားသည့်
အချိန်တွင် သွားရောက် တွေ့ဆုံကာ အဆိုနှင့် အကနည်းစနစ် အချို့ကို
သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ X-Factor အစီအစဉ်များတွင် ဝါသနာရှင်
အနုပညာသည်လေးများကို လိုအပ်ချက်များ ညွှန်ကြားရှင်းပြလေ့ရှိသည့် ဒိုင်လူကြီး
အနေဖြင့် တာဝန်ယူခဲ့ဖူးသော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ချယ်ရီ၏
ဂီတသင်ခန်းစာများမှာ ပိုမိုရိုးရှင်းသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
နယူးကာဆယ်လ်ရှိ တင်နီဗျူး မူလတန်းကျောင်းမှ (၄)တန်း ကျောင်းသူ၊
ကျောင်းသားလေးများသည် ဂီတပွဲ တစ်ခုအတွက် ပြင်ဆင်နေကြသည်။
၎င်းတို့
အားလုံးသည် ကပွဲတွင် ချယ်ရီ၏ နာမည်ကျော် Fight For This Love သီချင်းဖြင့်
ဖျော်ဖြေရန် အကတိုက်နေခဲ့ကြသည်။ ထိုအချိန်တွင် နာမည်ကျော် Popဂီတ
ကြယ်ပွင့်က ကလေးများ အကတိုက်နေသော အခန်းထဲ အသိမပေးဘဲ ဝင်ရောက်လာခြင်း
ဖြစ်သည်။ ကလေးငယ်များသည် ချယ်ရီကို တွေ့မြင်ရသည့်အခါ အလွန် စိတ်လှုပ်ရှား
ဝမ်းသာခဲ့ကြောင်း သိရသည်။ နယူးကာဆယ်လ်မြို့သည် ချယ်ရီ၏ မွေးရပ်ဇာတိဖြစ်ပြီး
ယခုအစီအစဉ်တွင် ဆရာ၊ ဆရာမများက အကူအညီ တောင်းခံသည်ကို ချယ်ရီက ဝမ်းသာအားရ
လိုက်လျောကာ ကလေးငယ်များကို ကြိုတင် အသိမပေးဘဲ လာရောက် ကူညီသွားခြင်း
ဖြစ်သည်။
ချယ်ရီသည် ကလေးများနှင့် စကားပြောရင်း စိတ်ဓာတ်မြှင့်တင်
အားပေးမှုများ ပြုလုပ်ခဲ့သည်။ သူမက ကလေးများ အားကြိုးမာန်တက် အကတိုက်နေသည့်
မြင်ကွင်းကို တွေ့ရချိန်တွင် အလွန် အားရသဘောကျမိကြောင်း ချီးကျူးခဲ့သည်။
ချယ်ရီသည် ဆရာ၊ ဆရာမအချို့နှင့်လည်း ကစားပြောဆိုခဲ့ပြီးမှ အားလုံးကို
နှုတ်ဆက်၍ ပြန်သွားခဲ့သည်။ မူလတန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သူ
ရိုဘင်းဘိုနစ်ခ်က ချယ်ရီပါ ဝင်ပါခဲ့တယ်ဆိုတဲ့ အကြောင်းအရာကတော့
ကလေးတွေကြားမှာ တကယ့် ပြောလို့ကောင်း၊ ကြွားလို့ကောင်းတဲ့ ကိစ္စကြီး
ဖြစ်နေတာပေါ့ဟု ပြောကြားခဲ့သည်။ ၎င်းက ချယ်ရီက ကလေးတွေကို ဘယ်တော့မှ
အလျှော့မပေးဖို့ မှာခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့လည်း သူနဲ့ စကားပြောရင်း
ဖျော်ဖြေရေး နယ်ပယ်မှာ ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေ ရှိနေတတ်တာကို
သဘောပေါက်လာပါတယ်ဟုလည်း ဆိုသည်။၎င်းက တင်နီဗျူး ကျောင်းကနေ အနုပညာ
ပါရမီရှင်လေး တချို့ကို မွေးထုတ်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်မိတယ်။
ဒီဇိုင်နာတွေ၊ အကသမားတွေ၊ အဆိုတော်တွေ၊ ဒါမှမဟုတ် ဒါရိုက်တာတွေပေါ့လေဟုလည်း
ဆက်လက် ပြောကြားသွားသည်။
Planet.com.mm
No comments:
Post a Comment