အရက်အတုပြုလုပ်သူအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
၁၃-၇-၂၀၁၃ ရက်နေ့ ၁၇၁၅ အချိန်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့၊ သီရိခေမာရပ်ကွက်နေ
ကျော်မင်းမင်း(ခ)မင်းမင်း ၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ကျော်မင်းမင်း(ခ)မင်းမင်းအား
နေအိမ်အိပ်ခန်း အတွင်းရှိ အိပ်ယာအနီး သစ်သားစားပွဲခုံအောက်မှ WALTHER
စာတမ်းပါ စတီးရောင်ပစ္စတိုသေနတ် ၁ လက်၊ ကျည်ကဒ် ၁ ခု၊ S & B 6.35 Br
စာတမ်းပါ ကျည် ၃ တောင့်၊ ကျည်ခွံ ၁ ခု၊ Gas ထည့်၍ သံဘောစေ့ထည့်ပစ်ရသော
အနက်ရောင်ပစ္စတိုသေနတ်အပျက် ၁ လက်၊ သံဘောစေ့(၅၀)လုံးပါ ၁ ထုပ်၊ ARMY RUM
အရက်အတုအရည်ပါ ၂၀ လုံး၊ အရက်အတုပြုလုပ်ရာတွင်အသုံးပြုသည့်
ပုလင်းအဖုံးပိတ် ကိရိယာ ၂ ခု၊ ARMY RUM အရက်ပုလင်းအဖုံး ၁၂၈ ခု၊ ARMY RUM
အရက်တံဆိပ် ၁၈၀၀ ရွက်၊ ချိတ်ရည်ကြိုထားသော ဒယ်အိုး ၁ လုံး၊ သံကတော့ ၃
ခုနှင့် ငွေစက္ကူရောရာကျပ်(၁၈၁၀၀၀ိ/-)တို့နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရေးမြို့မရဲစခန်း(ပ)၇၈/၂၀၁၃၊
လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း၊ (ပ)၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ
၄၂၀/၄၆၈/၄၈၆ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment