ပြီးခဲ့သည့် သီတင်းပတ်ကုန် ရွေးကောက်ပွဲ ရလဒ်များအရ ဝန်ကြီးချုပ် ဟန်ဆန်း
ပြန်လည် အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သော်လည်း ယင်းရွေးကောက်ပွဲတွင်
ပုံမှန်မဟုတ်သော ချဉ်းကပ်မှုများ ရှိခဲ့ကြောင်း ကောလာဟလများ
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့
ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ပြန်လည်
အနိုင်ရရှိကြောင်း ကြေညာမှုကို အတိုက်အခံများက လက်မ ခံကြောင်း
ငြင်းဆိုလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် ရွေးကောက်ပွဲ ရလဒ်များအရ
ဝန်ကြီးချုပ် ဟန်ဆန်း ပြန်လည် အနိုင်ရရှိခဲ့ကြောင်း ကြေညာ ခဲ့သော်လည်း
ယင်းရွေးကောက်ပွဲတွင် ပုံမှန်မဟုတ်သော ချဉ်းကပ်မှုများ ရှိခဲ့ကြောင်း
ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ ယခုအခါ ဝန်ကြီးချုပ်၏
အတိုက်အခံ အင်အားစုများ စုပေါင်းမိသွားပြီး တနင်္ဂနွေနေ့ မဲရေတွက်မှု ရလဒ်တွင်
သိသိသာသာ ထင်ထင်ရှားရှား ထောက် ခံမှု မြင့်တက်လာသည်၊
သို့သော်လည်း
ဝန်ကြီးချုပ် ပြန်လည် အနိုင်ရကြောင်း ကြေညာခဲ့သည့်နောက် အတိုက်အခံ
အင်အားစုများက တနင်္လာနေ့တွင် ယင်းရလဒ်ကို ဆန့်ကျင်ကြောင်း
ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဆန်း၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ
(CPP)က မိမိတို့သည် အောက်လွှတ်တော် အမတ်နေရာ (၁၂၃)ခုတွင် (၆၈)ခုစာ
အနိုင်ရလိမ့်မည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့သည်။ အတိုက်အခံ ကမ္ဘောဒီးယား
အမျိုးသား ကယ်တင်ရေးပါတီ (CNRP)သည် အမတ်နေရာ (၅၅)ခု ရရှိခဲ့သည်။ CPP၏
ပြောရေးဆိုခွင့်ရ အရာရှိ ခူကန်ဟာရစ်သ်က ကျွန်တော် တို့ ရွေးကောက်ပွဲ
နိုင်ခဲ့တယ်လို့ ပြောရဲပါတယ်"ဟု ဆိုသည်။
CNRPကမူ အဓိက
နိုင်ငံရေး ပါတီကြီး နှစ်ခုလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီတစ်ခု
ဖွဲ့စည်းရန် တောင်းဆိုခဲ့ပြီး အရပ်သား အဖွဲ့အစည်းများနှင့်
ကုလသမဂ္ဂတို့သည်လည်း ယခုရွေးကောက်ပွဲ ရလဒ်ကို စုံစမ်းသင့်ကြောင်း
အကြံပြုခဲ့သည်။ CNRPက ပါတီအနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ပါဘူး။
ဒီကိစ္စမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ အများကြီး ရှိနေပါတယ်"ဟု
ကြေညာခဲ့သည်။
CPPသည် ယခင်က လွှတ်တော်အမတ်နေရာ (၉၀)စာ ရရှိခဲ့ပြီး
ယခုကြေညာချက် အတည်ဖြစ်ပါက အမတ်နေရာ (၂၂)ခုစာ ဆုံးရှုံးသွားသည့် သဘောလည်း
ဖြစ်သည်။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတပါတယ် လို့ သေချာပေါက် ပြောဖို့
ခက်လွန်းပါတယ်ဟု ကမ္ဘာဒီး ယား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ တစ်ခုဖြစ်သည့်
ကမ္ဘာဒီးယား နိုင်ငံတကာ ပွင့်လင်းမြင်သာအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ
ကိုးလ်ပရီအပ်ကလည်း AFPသို့ ပြောကြားခဲ့သည်။ အမျိုးသား ရွေးကောက်ပွဲ
ကော်မတီကမူ မူမမှန်မှုများ ရှိနေသည် ဆိုခြင်းကို ပယ်ချထားသည်။
အတိုက်အခံများကမူ ဝန်ကြီးချုပ်၏ အနိုင်ရမှုသည် မိမိတို့၏ ခေါင်းဆောင်
ဆမ်ရိန်းဆီး မပါဝင်ဘဲနှင့် တန်ဖိုးမရှိကြောင်း ဝေဖန်ထားကြသည်
Planet Myanmar Network
No comments:
Post a Comment