မြက်ခင်းတု ကွင်းတွင် တစ်ကြိမ်မျှ အမှတ် မဆုံးရှုံးဖူးသည့် ရန်ကုန် ယူနိုက်တက်အသင်းက မကွေး အသင်းကို အနိုင်ယူပြီး သုံးနှစ်ဆက် ချန်ပီယံ ဟူသည့် ဂုဏ်ကို ဆောင်နိုင်မည်လား နေပြည်တော် အသင်း က ဇေယျာရွှေမြေ၏ အိမ်ကွင်းတွင် အနိုင်ကစားပြီး ချန်ပီယံဆုအတွက် ဆက်လက် မျှော်လင့် နိုင်မည်လား ဆိုသည်ကို ယနေ့ညနေတွင် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကစားကြမည့် အမှတ်ပေး ပွဲစဉ် ၂၁ ကို စောင့်ကြည့်ရမည် ဖြစ်သည်။
ယခုပွဲရှုံးသည့် အသင်း ချန်ပီယံ ဖြစ်ခွင့်အတွက် တစ်ရာသီလုံး ကြိုးပမ်းခဲ့ သမျှ ပန်းဝင်ခါနီး ခြေချော်သည့် အဖြစ်မျိုး ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပြီး ပွဲစဉ် ၂၀ ပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ရမှတ် ၄၃ မှတ်၊ နေပြည်တော်က ရမှတ် ၄၁ မှတ် ရရှိထားသောကြောင့် ပွဲစဉ် ၂၁ သည် အကြို ဗိုလ်လုပွဲဟု ဆိုရမည် ဖြစ်သည်။
အကြို ဗိုလ်လုပွဲဟု ဆိုနိုင်သည့် ပွဲစဉ် ၂၁ တွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် မြန်မာ နေရှင်နယ်လိဂ်၏ မထင်မှတ်သော ရလဒ်များ ရယူလေ့ရှိသည့် မကွေး ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားရ မည် ဖြစ်ပြီး နေပြည်တော်အသင်းက အိမ်ကွင်း မာကြော သည့် ဇေယျာရွှေမြေ အသင်း၏ ကွင်းတွင် သွားကစားရမည်ဖြစ်ရာ ရန်ကုန် ယူနိုက်တက် အသင်းက ပွဲချောင်သည်ဟု ဆိုနိုင်သည်။
ပထမ အကျော့တွင် မကွေး အသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ
ဇေယျာရွှေမြေ အသင်း၏ အာရှ ဘောလုံး အဖွဲ့ချုပ် ဖလား (AFC Cup) မျှော်လင့်ချက် ရှင်သန်နေရာ ပေါင်းလောင်းကွင်းတွင် အမှတ် ခွဲယူနိုင် ခဲ့သည့် ရလဒ်မျိုး အဝေးကွင်းတွင် ကစားရမည့် နေပြည်တော် အသင်း ပြန် ရရှိရန်မှာလည်း မသေချာသည့် အနေအထားမှာသာ ရှိသည်။
The Voice Weekly
No comments:
Post a Comment