Pages

10.7.13

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ လေထု ညစ်ညမ်းမှုကြောင့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှ အသက် ၅နှစ် တိုသွားဟု ဆို

နောက်ဆုံး ထုတ်ပြန်လိုက်သော သတင်းများအရ တရုတ်နိုင် ငံ မြောက်ပိုင်းဒေ သများမှာ လေထု ညစ်ညမ်းမှု အလွန်တရာ ဖြစ်ပေါ်နေပြီး အဆိုပါ ဒေသများအတွင်း နေထိုင်သူများရဲ့ ပျမ်းမျှ အသက် ၅.၅နှစ်စာ ဟာ လေထု ညစ်ညမ်းမှုနှင့် ဆက်စပ် ဆိုးကျိုးများကြောင့် တိုတောင်သွား လျက်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၈ရက်နေ့က တရုတ်နိုင်ငံ အခြေစိုက် National Academy of Scienceရဲ့ Huaiမြစ် အပေါ် အခြေခံ လေ့လာ ဆန်းစစ်ချက်များအရ လေထုနှင့် ရေထု ညစ်ညမ်းမှု များကြောင့် ဘေး အန္တရာယ် ဖြစ်ပေါ်မှုနှင့် လူသားများရဲ့ ပျမ်းမျှ အသက် ပိုမိုတိုတောင်းလာမှု များ တွေ့ရှိရကြောင်း ဆိုပါတယ်။

အထူးသဖြင့် ၁၉၅၀ခုနှစ်မှ ၁၉၈၀ပြည့်နှစ် အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများနှင့် ကျောက်မီးသွေးသုံး ဘွိုင်လာများ သုံစွဲမှုများကြောင့် ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့တဲ့ လေထု ညစ်ညမ်းမှုများကြောင့် ယခုလို အသက်တိုတောင်းမှု ပြဿနာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာ ချက်များအရ ပျမ်းမျှ လေထုအတွင်း မသန့်ရှင်းသော အမှုန်များ ၀င်ရောက်ရေထွေးနေမှုမှာ ပျမ်းမျှ ၅၅ ရာခိုင်နှုန်း အထိ မြင့်တက် လျက် ရှိနေကြောင်းနဲ့ လူပေါင်း ၂.၅ ဘီလီယံကျော်လောက်မှာ အဆိုပါ လေ ထု ညစ်ညမ်းမှုဆိုင်ရာ ဆိုးကျိုးများ ခံစားရနိုင်ကြောင်း သိရပါတယ်။

Myanmar ICT

No comments:

Post a Comment