Pages

10.7.13

နိုင်ငံသားအထောက်အထားပါ ခိုလုံခွင့် တောင်းခံသူတွေ အလုပ်လုပ်ခွင့် ပြုသင့်လို့ဆို

သြစတြေးလျနိုင်ငံထဲကို လှေတွေနဲ့ ရောက်ရှိလာပြီး နိုင်ငံသားအထောက်ထားတွေ ပါရှိတဲ့ ခိုလုံခွင့်တောင်း ခံသူတွေကို အလုပ်အကိုင် ရှာဖွေရှောက် ထားခွင့် ပြုသင့်တယ်လို့ အစိုးရ ခိုလုံခွင့်တောင်းခံသူ ကျွမ်းကျင် ပညာရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။ သြစတြေးလျနိုင်ငံ မှာ လူမှုအသိုင်းအ၀ိုင်းအတွင်း ယာယီနေထိုင်ခွင့်ဗီဇာနဲ့ေ နခွင့်ပြုတဲ့ ခိုလုံခွင့်တောင်းခံ သူတွေအနေနဲ့ အလုပ်လုပ် ကိုင် ခွင့် မရှိပဲ လူမှုဖူလုံရေးအဖွဲ့အစည်းတွေနဲ့ ပရဟိတ လုပ်ငန်း အဖွဲ့တွေရဲ့ အထောက်ပံ့တွေနဲ့ပဲ နေထိုင်ကြရပါတယ်။


မကြာသေးခင်ကပဲ သြစတြေးလျ လူမှုဝင်မှုကြီးကြပ်ရေးဌာနက လှေတွေ နဲ့ခိုးဝင်လာတဲ့ ခိုလုံခွင့် တောင်းခံ သူတွေကို စိစစ်တဲ့နေရာမှာ နိုင်ငံသား အထောက်အထားတွေ ဖျောက်ပစ်ခဲ့တဲ့ သူတွေကို နောက်တမ်းကို
ပို့မယ်လို့ပြောပါတယ်။

အဲဒီအတွက် နိုင်ငံသားအထောက်အထားပါရှိတဲ့ သူတွေကိုတော့ ဆုလဒ် အနေနဲ့ အလုပ်လုပ်ကိုင်ခွင့် ပြုသင့်တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက် လုပ်ကိုင်ပေးနေတဲ့ Paris Aristotle ကပြောပါတယ်။

တဆက်တည်းမှာပဲ မနေ့ညက သြစတြေးလျနိုင်ငံကို လှေတွေနဲ့ခိုးဝင်လာတဲ့ ခိုလုံခွင့်တောင်းခံသူ ၆၉ယောက် တင်ဆောင်နဲ့ လှေမောင်းသူ ၂ဦးကို သြစတြေးလျ ရေပိုင်နက် ခရစ္စမတ်ကျွန်းအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို ကျန်းမာရေးနဲ့ နိုင်ငံသားအထောက်အထားတွေ စိစစ်ပေးဖို့အတွက် ခရစ္စမတ်ကျွန်းကို ပို့ဆောင်လိုက်ပြီးလို့လည်း သိရပါတယ်။


ABC

No comments:

Post a Comment